skip to main |
skip to sidebar
အေပြီ ၂၆ ရက် ၂၀၁၃
လက်ရှိ အများပြည်သူကို ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးနေတဲ့ တပ်မတော်ပိုင်
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (အမ်အီးစီ)ရဲ့ စီဒီအမ်အေ ဆင်းကတ်
အရေအတွက် ၁ သန်း အဆင်သင့်ရှိတယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
မိုဘိုင်းဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောပါတယ်။
လက်ရှိ ၁ လကို ဆင်းကတ် အခုရေ ၃ သိန်းခွဲ ရောင်းဖို့ လျာထားပေမယ့်
ညွှန်ကြားချက်ရရင် ရသလို အရေအတွက်ကို တိုးပြီး ရောင်းချပေးသွားနိုင်တယ်လို့
ဆိုပါတယ်။
လောလောဆယ် ကြေညာထားချက်အရ အမ်အီးစီရဲ့ စီဒီအမ်အေ ဆင်းကတ်
၁ သန်းကို ၃ လ အတွင်း ရောင်းချပေးပြီး နောက်ပိုင်းမှာ
မြန်မာ့ဆက်သွယ်ရေးရဲ့ ဂျီအက်စ်အမ် ဆင်းကတ်တွေကို ဆက်ပြီး
ရောင်းချပေးမယ်လို့ သူက ပြောပါတယ်။
လက်ရှိ မိုဘိုင်းဖုန်း
ဆင်းကတ်တွေကို ကျပ်ငွေ ၁၅၀၀ နဲ့ ပြည်သူတွေကို မဲဖောက်ရောင်းချပေးနေပေမယ့်
ဝယ်လိုအားများတဲ့အတွက် ပြင်ပပေါက်ဈေး ကျပ် ၃ သောင်းကနေ ၆ သောင်းကြားအထိ
ဈေးပေါက်နေကြောင်း စုံစမ်းသိရပါတယ်။