Samsung Galaxy Note 3 ကို ၂၀၁၃ စက်တင်ဘာလ ၂ ရက်နေ့ ဂျာမဏီနိုင်ငံ
ဘာလင်မြို့တွင်ကျင်းပပြုလုပ်မည့် IFA 2013 ပွဲတွင်မိတ်ဆက်ပြသဖွယ်ရှိကြောင်း
Samsung Mobile ဌာနမှအင်ဂျင်နီယာတစ်ဦးက ပြောကြားခဲ့သည်ဟု
ကိုရီးယားသတင်းမီဒီယာများက ၁၉.၃.၂၀၁၃ ရက်နေ့တွင်ရေးသားဖော်ပြခဲ့ကြသည်။
ယင်းကဲ့သို့ပြောကြားခဲ့ရာတွင် ” အရင်နှစ်တုန်းကလည်း
ဂျာမဏီမှာပဲ စက်တင်ဘာလထဲမှာ ပြပွဲလုပ်ပြီး Galaxy Note II
ကိုမိတ်ဆက်ပြသခဲ့ပါတယ်။ ဒီနှစ်မှာလည်း ၂၀၁၃ စက်တင်ဘာလ ၂ ရက်နေ့
ဂျာမဏီနိုင်ငံတွင်ကျင်းပပြုလုပ်မည့် IFA 2013 ပြပွဲမှာ မိတ်ဆက်ပြဖို့
Samsung Mobile မှကြိုးပမ်းနေပါတယ်။ Samsung Galaxy Note 3 ဟာ Screen size
5.9 လက်မနဲ့ထုတ်လုပ်ဖို့အကြမ်းဖျဉ်းလျာထားပါတယ် ။ အတွင်း hardware တွေကတော့
လတ်တလောမှာ ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ ထုတ်လုပ်လာမယ့်မိုဘိုင်း product
တွေကိုအချိန်နဲ့အမျှဆန်းစစ်ပြီး လုပ်ဆောင်နေကြတာဖြစ်တဲ့အတွက်
လတ်တလောမှာအတိအကျမပြောနိုင်သေးပါဘူး ။ လက်ရှိ Note II ထက်နှစ်ဆပိုတဲ့ Full
HD resolution, Exynos 5 Octa processor, LTE , အဆင့်မြှင့်တင်ထားတဲ့
Galaxy Note မှာပါဝင်နေကျ features တွေနဲ့ Galaxy Note အတွက်လက်ရှိ beta
အဆင့်စမ်းသပ်နေတဲ့ features အသစ်တစ်ချို့ပါဝင်လာပါမယ်။ Android version
4.2.2 ကတော့ Note 3 မှာပါဝင်လာမှာမဟုတ်တော့ပါဘူး ။
ဒီလောက်ပဲပြောလို့ရပါသေးတယ် ” လို့ပြောကြားခဲ့ပါတယ်။ ၂၀၁၂
ခုနှစ်တုန်းကလည်း စက်တင်ဘာလ iPhone 5 မထွက်ခင် လပိုင်းအလိုမှာပဲ Samsung
Galaxy Note II ကို Samsung မှမိတ်ဆက်ပြသခဲ့ပါတယ်။
Ref: Korea Times