iPhone ကိုထုတ်လုပ်သည့် Apple ကုမ္ပဏီသည် အမေရိကန် စမတ်ဖုန်းဈေးကွက်တွင် ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်နေပြီး Google မှာ operating system ဈေးကွက်တွင် ဆက်လက် ဦးဆောင်နေကြောင်း ComScore မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။ အဆိုပါ အစီရင်ခံစာအရ အမေရိကန်နိုင်ငံရှိ စမတ်ဖုန်း အသုံးပြုသူဦးရေသည် ဇန်နဝါရီလတွင် ၁၂၉.၄ သန်းရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလထက် ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ စမတဖုန်း ဈေးကွက်ရှိ Apple ၏ ပျှမ်းမျှ ဈေးကွက်ရှယ်ယာသည် နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် ၃၇.၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ ၎င်း၏ နောက်တွင် Sam sung က ၂၁.၄ ရာခိုင်နှုန်း HTC က ၉.၇ ရာခိုင်နှုန်း၊ Motorola က ၈.၆ရာခိုင်နှုန်းနှင့် LG က ရာခိုင်နှုန်း အသီးသီး ရပ်တည်လျက်ရှိသည်။ စမတ်ဖုန်းဈေးကွက်တွင် Apple က ထိပ်ဆုံးမှ ရပ်တည်လျက် ရှိသော်လည်း Google ၏ Android operating system မှာ operating system ဈေးကွက်တွင်း၌ ဆက်လက် ဦးဆောင်နေပြီး ဒုတိယနေရာတွင် Apple က ရပ်တည်လျက်ရှိသည်။ Black Berry မှာရှယ်ယာ ၅.၉ ရာခိုင်နှုန်းဖြင့် ပဉ္စမနေရာ အသီးသီး ရပ်တည်နေကြောင်း သိရသည်။
နောင်နောင်
Ref & Credit to Internet Journal