မြန်မာနိုင်ငံမှ Android အသုံးပြုသူများ Google Play Store မှာ App တွေ ဒေါင်းလို့ရပါပြီ

3:10 PM
မြန်မာနိုင်ငံမှ Android အသုံးပြုသူများ Google Play Store မှာ App တွေ ဒေါင်းလို့ရပါပြီ... ဖုန်းနဲ့ တိုက်ရိုက်ဒေါင်းလို့ရသလို ကွန်ပျူတာမှတစ်ဆင့် ဖုန်းထဲကိုလည်း ဒေါင်းထည့်ပေးနိုင်ပါပြီ.. ဖုန်းကို
Google Play Store သို့ တစ်ခါ ၀င်ရောက်ပေးရမှာဖြစ်ပါတယ်.. ဒါဆိုရင် Google Play Store မှာ ကိုယ့်ဖုန်းရဲ့ Model ကိုသိသွားပါပြီ..ကွန်ပျူတာက ဒေါင်းမယ်ဆိုရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး ကွန်ပျူတာမှာရော. ဖုန်းမှာပါ. Internet ဆက်သွယ်လို့ရနေရမှာဖြစ်ပါတယ်.. ဒါဆိုရင် Store ကိုဝင်ပြီး ကိုယ်လိုချင်တဲ့ App ကို Install ဆိုတာကိုနှိပ်ပေးရမှာဖြစ်ပါတယ်.. ခဏနေရင် ဘောက်ကလေးတစ်ခု တက်လာပြီး အဲဒီထဲမှာ ကိုယ့်ဖုန်း Model ကိုရွေးပေးရမှာပါ.. ပြီးရင် OK ကိုထပ်နှိပ်ပေးလိုက်ပါ.. ကိုယ့်ဖုန်းထဲကို Install လုပ်သွားတာကို မြင်ရမှာဖြစ်ပါတယ်.. ( Free ပဲရပါသေးတယ်.. ပိုက်ပိုက်ပေးရတာကိုတော့ မရဘူးပေါ့နှော.. ၀ယ်လို့မှ မရသေးတာ.
ရရင်လည်း ၀ယ်မှာမဟုတ်ပါဘူး.. အလကားရတာကိုပဲရှာမှာပေါ့. :P)