မိုဘိုင်းမှ Facebook အသုံးပြုသူ စံချိန်တင်

4:16 PM
Facebook ဝက်ဘ်ဆိုက်ကို မိုဘိုင်းဖုန်းမှ တစ်ဆင့် နေ့စဉ် အသုံးပြုသူ အရေအတွက်မှာ Web စာမျက်နှာမှ တစ်ဆင့် အသုံးပြုသူ အရေအတွက်ထက် ပထမဆုံးအကြိမ် အဖြစ် ပိုမို မြင့်မားသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ကုမ္ပဏီ၏ ပြောဆိုချက်အရ ကမ္ဘာ တစ်ဝန်းလုံး၌ Facebook အသုံးပြုသူ တရားဝင် အရေအတွက်မှာ စုစုပေါင်းအားဖြင့် ၁.ဝ၆ ဘီလီယံ အထိ ရှိသည်။ အဆိုပါထဲမှ ၆၁၈ သန်းမှာ နေ့စဉ် အသုံးပြုသူ အရေအတွက်ဖြစ်ပြီး ၁၅၇ သန်းမှာမူ မိုဘိုင်းဖုန်းမှ အသုံးပြုနေသည့် အရေအတွက်ပင် ဖြစ်သည်။ Facebook မှာ ကမ္ဘာ့အကြီးဆုံး လူမှုရေးဝက်ဘ်ဆိုက် တစ်ခုဖြစ်ပြီး ၂ဝ၁၂ ခုနှစ်တွင် အမေရိကန် နိုင်ငံရှိ iOS နှင့် Android devices များတွင် အသုံးအများဆုံး mobile app တစ်ခုဖြစ်ခဲ့ဟု comScore ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။ သုံးစွဲသူ အရေအတွက် ၁ ဘီလီယံကျော် လွန်ခဲ့ခြင်းမှာ ကုမ္ပဏီအတွက် သတင်းကောင်း တစ်ရပ်ဖြစ်ခဲ့ပြီး ထိုအချက်မှာ smartphone နှင့် tablet အသုံးပြုသူများထံမှ ဝင်ငွေရရှိနိုင်မည့် အကောင်းဆုံး နည်းလမ်းကို ရှာဖွေနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ၎င်းတို့၏ အကြီးဆုံး ဝင်ငွေရရှိမှု အပိုင်းမှာ ကြော်ငြာကဏ္ဍဖြစ်ပြီး ကုမ္ပဏီဝင်ငွေ၏ ၈၄ ရာခိုင်နှုန်းကို ရယူပေးထားခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂ဝ၁၂ နောက်ဆုံး ၃ လပတ်အတွင်း မိုဘိုင်းမှ ကြော်ငြာခြင်းမှာ ကုမ္ပဏီ ကြော်ငြာဝင်ငွေ အားလုံး၏ ၂၃ ရာခိုင်နှုန်း ရှိခဲ့ခြင်းဖြစ်ပြီး တတိယ ၃ လပတ်ကထက် ၉ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။ Facebook မှာ မိုဘိုင်း devices များတွင် ကြော်ငြာခြင်းကို လုပ်ဆောင်နေသော်လည်း ၎င်းတို့၏ အကြီးမားဆုံး Feature မှာ Web အဆင့်ပေါ်တွင်သာ အခြေခံထားဆဲ ဖြစ်သည်။ Graph Search မှာအဆင့်မြင့် ရှာဖွေမှုကို လုပ်ဆောင်နိုင်သော Feature သစ် တစ်ခုဖြစ်သော်လည်း beta version အဆင့်တွင်သာ ရှိသေးပြီး မိုဘိုင်း apps များမှ တစ်ဆင့် မဝင်ရောက်နိုင်သေးပေ။
Ref: By Net Guide Journal