Facebook ဖုန်းနှင့်ပတ်သက်၍ သတင်းစကားများ ထွက်ပေါ်နေသော်လည်း နာမည်ကျော်
လူမှုကွန်ရက်ကုမ္ပဏီ Facebook မှ ကိုယ်ပိုင်ဖုန်း ထုတ်လုပ်နေသည်ဆိုခြင်းမှာ
မဟုတ်မှန်ကြောင်း ကုမ္ပဏီ၏ အမှု ဆောင်အရာရှိချုပ်ဖြစ်သူ မာ့ခ်ဇူကာဘတ်ခ်က
တရားဝင်ငြင်းဆိုခဲ့ကြောင်း သိရသည်။ ဇူကာဘတ်ခ်က သုတေသီများနှင့်
ရင်းနှီးမြှုပ်နှံသူများကို Facebook လူမှုကွန်ရက်အနေဖြင့်
ကိုယ်ပိုင်မိုဘိုင်းဖုန်း ထုတ်လုပ်ရန် အစီအစဉ်လုံးဝမရှိကြောင်း
ပြောကြားခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ကိုယ်ပိုင်ဖုန်း
ထုတ်လုပ်ခဲ့ပါကလည်း အလုံးရေ ၁၀ သန်း ရောင်းချရပါမှ ကမ္ဘာ့မိုဘိုင်းဖုန်း
အသုံးပြုသူဦးရေ၏ ၁ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်မည်ဖြစ်သည့်အတွက်
ကိုယ်ပိုင်ဖုန်းထုတ်လုပ်ခြင်းထက် အသုံးပြုသူဦးရေ ၁ ဘီလီယံခန့်ရှိသည့်
၎င်းတို့၏ လူမှုကွန်ရက်ဝန်ဆောင်မှုထုတ်ကုန်ကိုသာ device အမျိုးမျိုးတွင်
ကောင်းမွန်စွာ အသုံးပြုနိုင်စေရန် လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း
ဇူကာဘတ်ခ်ကဆိုသည်။ Facebook က ကိုယ်ပိုင်ဖုန်း
ထုတ်လုပ်နေခြင်းမဟုတ်ကြောင်းကို ကုမ္ပဏီ၏ စတုတ္ထသုံးလပတ် ၀င်ငွေအစီရင်ခံစာ
ထုတ်ပြန်ကြေညာပြီးနောက် ဆက်လက်ပြောကြားခဲ့ခြင်းဖြစ်ကာ ကုမ္ပဏီအနေဖြင့်လည်း
၂၀၁၂ ခုနှစ် စတုတ္ထသုံးလပတ်တွင် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁.၅၉ ဘီလီယံ
ရရှိခဲ့ကြောင်းသိရသည်။ Facebook ကုမ္ပဏီ၏ မိုဘိုင်း Platform အတွက်ရရှိသည့်
ကြော်ငြာအမြတ်ငွေသည် ကုမ္ပဏီအမြတ်ငွေ၏ ၂၃ ရာခိုင်နှုန်းရှိသည်။
ရေးသားသူ -ဟေမာ
Ref: CNET
Ref & Credit to Internet Journal