စမတ်ဖုန်းများကို တက်ဘလက် ကွန်ပျူတာများနှင့် ပူးထားရုံဖြင့်
အားဖြည့်နိုင်သော နည်းပညာ တစ်ရပ်ကို ဖယ်လ်တွန်ကုမ္ပဏီက စတင်
တီထွင်နိုင်ခဲ့သည်။ စမတ်ဖုန်းများကို ကြိုးမဲ့ အားသွင်းနိုင်သော အဆိုပါ
နည်းပညာကို Qi ကြိုးမဲ့ အားသွင်းနည်းပညာဟု ခေါ်သည်။ အေဘီစီသတင်းဌာနမှ
ပေးပို့သော သတင်းများအရ Samsung Galaxy တက်ဘလက်ကို အသုံးပြုပြီး ကြိုးမဲ့
အားသွင်းနိုင်ရန် ယခင်ကလည်း ကြိုးစားခဲ့ဖူးသည်ဟု သိရသည်။ ဖယ်လ်တွန်ကုမ္ပဏီက
အဆိုပါ နည်းပညာကို လတ်စ်ဗီးဂတ်စ်တွင် ကျင်းပသည့် Consumer Electronics Show
ပွဲတွင် လက်တွေ့ သရုပ်ပြနိုင်ခဲ့သည်။
ကိုးကား – ပြည်မြန်မာဂျာနယ်