Root လုပ်ဖို့အတွက်ကတော့ http://forum.xda-developers.com/attachm ent.php?attachmentid=1541927&d= 1354812913 ဆိုတဲ့ Link ကိုသွားပြီး Root_J.zip ဆိုတဲ့ ဖိုင်ကို အရင်ဆုံး Download ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Download ပြုလုပ်ပြီးပြီဆိုရင်တော့ ရရှိလာတဲ့ zip ဖိုင်ကို Extract ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Extract ပြုလုပ်ပြီး ထွက်လာတဲ့ Folder ထဲကို ဝင်ရပါမယ်။ ပြီးရင် သင့်ရဲ့ Handset ကို ကွန်ပျူတာနဲ့ ချိတ်ဆက် ပေးရပါမယ်။ ပြီးရင်တော့ ခုနက Extract ပြုလုပ်ထားတဲ့ Folder အထဲက Runme.bat ဆိုတဲ့ ဖိုင်လေးကို Double Click နှိပ်လိုက်ပါ။ Root ပြုလုပ်ဖို့အတွက် အထဲမှာပါတဲ့ ညွှန်ကြားချက်တွေကို ဖတ်ကြည့်ပြီး ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Linux အသုံးပြုသူတွေအတွက်ကတော့ Runme.sh ဆိုတဲ့ ဖိုင်ကို Run ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Terminal မှာ ပြထားတဲ့ Process ကို ခဏ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဖိုင်တွေကို Backup ပြုလုပ်မှာလား မေးလာရင်တော့ သင့် Handset မှာ ဖိုင်တွေကို Backup ပြုလုပ်ဖို့အတွက် ရွေးချယ်ပေးလိုက်ပါ။ ခဏကြာရင်တော့ သင့်ရဲ့ Xperia J Handset လေးဟာ Reboot ကျသွားမှာဖြစ်ပြီး၊ ပြန်တက်လာတယ် ဆိုရင်တော့ သင့် Handset ရဲ့ App location List ထဲမှာ Super SU ဆိုတဲ့ Super Man ပုံ Logo လေးနဲ့ Root ဖိုင်ကို တွေ့မြင်ရ မှာ ဖြစ်ပါတယ်။ Super SU ဖိုင်လေးကို တွေ့ရပြီ ဆိုရင်တော့ သင့်ရဲ့ Xperia J Handset လေးဟာ Root လုပ်ပြီးသွားပြီ ဖြစ်ပါတယ်။ Root ပြုလုပ်ပြီးတဲ့ Handset လေးအတွင်းကိုတော့ မြန်မာစာဖောင့်ထည့်သွင်းလို့ ရပြီဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော Root Access ရှိမှ ထည့်သွင်းလို့ရတဲ့ Application တွေကိုလည်း ထည့်သွင်းနိုင်ပြီ ဖြစ်ပါတယ်။
ကိုးကား – အင်တာနက်ဂျာနယ်