ပါးလွှာပေါ့ပါးပြီး Retina display ပါဝင်သော iPad Mini ကို မတ်လတွင် တွေ့မြင်ရဖွယ်ရှိ

2:25 PM
Apple ကုမ္ပဏီသည် ပါးလွှာပြီး ပေါ့ပါးသော ပဉ္စမမြောက်မျိုးဆက် iPad ကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း ဂျပန် blog ဖြစ်သည့် Macotakara မှ ဖော်ပြချက်ကို 9to5Mac မှ ဘာသာပြန်ကာ ဖော်ပြခဲ့သည်။ ၎င်းတွင် ဖော်ပြထားချက်အရ အဆိုပါ iPad ကို iPad Mini with Retina display ဟုတ် ခေါ်တွင်ကြောင်း သိရသည်။ Apple ကုမ္ပဏီသည် စတုတ္ထမျိုးဆက် iPad ကို တတိယမျိုးဆက် iPad ဖြန့်ချိပြီး ရှစ်လအကြာတွင် မိတ်ဆက်ပေးခဲ့သည့်အတွက် မျိုးဆက်သစ် iPad ဖြန့်ချိမှုမှာ မဝေးတော့ကြောင်း အဆိုပါ iPad အမျိုးအစားသစ်ကို နောက်ငါးလအတွင်း တွေ့မြင်ရဖွယ်ရှိကြောင်း Macotakara မှ ဖော်ပြခဲ့သည်။ အမည်မဖော်ထားသည့် သတင်းရင်းမြစ်များကို ကိုးကားကာ Macotakara blog မှ ဖော်ပြထားချက်အရ အသစ်ဖြန့်ချိမည့် iPad အမျိုးအစားသည် စတုတ္ထမျိုးဆက် iPad ထက် ပိုမိုသေးငယ်ပြီး အရွယ်အစားအမြင့် ၄ မီလီမီတာ အကျယ် ၁၇ မီလီမီတာနှင့်အတူ ၂ မီလီမီတာစီ လျော့နည်းသွားမည် ဖြစ်ကြောင်း သိရသည်။ နောင်နောင်
Ref:CNET
ကိုးကား – အင်တာနက်ဂျာနယ်