Phone အသုံးပြုသူများအတွက် Citizen နာရီ

10:09 AM
iPhone အသုံးပြုသူများ အတွက် သုံးလို့ရမယ့် နာရီကို ဂျပန် Citizen နာရီ ကုမ္ပဏီက ထုတ်လိုက်ပါတယ်။ အမေရိကန် ဒေါ်လာ ၄ဝဝ ဖြစ်ပါတယ်။ Bluetooth 4.0 ပါဝင်ပြီး iPhone 4S, iPhone 5 မှာ အသုံးပြုနိုင်ပြီး ဖုန်းထဲကို Message ရောက်လာတာမျိုး၊ ဖုန်းကို အကြောင်း အမျိုးမျိုးကြောင့် Silent လုပ်ထားတဲ့ အချိန်မျိုးတွေဆို နာရီက Vibration နဲ့ အချက်ပေးပါတယ်။ ဖုန်းမှာ Reminder ပေးထားရင် သူ့နေ့၊ အချိန်ကျတဲ့အခါ နာရီကလည်း အချက်ပေးပါတယ်။ နာရီထားတဲ့ နေရာမမှတ်မိရင် iPhone Bluetooth ဖွင့်ပြီး ရှာနိုင်ပါတယ်။ ထိုနည်းတူစွာ ဖုန်းထားတဲ့နေရာ မသိတော့ရင်လည်း နာရီကနေ ခလုပ်နှိပ်ပြီး ဖုန်းကို အသံမြည်စေမှာ ဖြစ်ပါတယ်။ ဖုန်းထဲက Application အချို့ကိုလည်း နာရီနဲ့ ဖုန်းအပြန်အလှန် ထိန်းချုပ် ပြောင်းလဲနိုင်ပါမယ်။ နာရီရဲ့ Option တွေအားလုံးကို iPhone ကနေ ထိန်းချုပ်နိုင်ပါတယ်။ နာရီကို ရာဘာကြိုး စတီးကြိုး နှစ်မျိုး ထုတ်ထားပါတယ်။ ရေစိုခံ (Water Resistant) နာရီ အမျိုးအစားပဲ ဖြစ်ပါတယ်။ Bluetooth ပါဝင်ပြီး ဓာတ်ခဲအသုံးပြုမှုမှာ သာမန် Citizen နာရီတွေလိုပဲ ဖြစ်ပါတယ်။
Ref & Credit to Smart News