Consumer Electronics Show 2013 (CES 2013) ပြပွဲတွင် IdeaCentre
Horizon အမည်ရှိ စားပွဲပုံသဏ္ဍန် touchscreen ကွန်ပျူတာကို မီဒီယာများအား
Lenovo က စတင် မိတ်ဆက်ပြသခဲ့သည်။ Lenovo Horizon table ဟု ခေါ်ဝေါ်ကြသော
စားပွဲပုံသဏ္ဍန် အဆိုပါ ကွန်ပျူတာမှာ screen အရွယ်အစား ၂၇ လက်မရှိပြီး
desktop ကွန်ပျူတာနှင့် tablet အကြီးစားကဲ့သို့ စွမ်းဆောင်ရည်များ
ပါဝင်ကြောင်း သိရှိရသည်။ Horizon table ကွန်ပျူတာတွင် Windows 8
အသုံးပြုထားပြီး အချက်အလက် သိမ်းဆည်းနိုင်မှုအဖြစ် 1 TB hard drive
ပါရှိသည်။
Intel Core ပရိုဆက်ဆာ အသုံးပြုထားသော Lenovo ၏ Horizon table ဖြင့်
multi-touch ဂိမ်းများ အပါအဝင် application ၅,၀၀၀ ကျော် ပါဝင်သည့် app
store ကိုလည်း အသုံးပြုနိုင်မည်ဟု Lenovo က ပြောကြားသည်။ Horizon table
ကွန်ပျူတာကို ယခုနှစ် နွေရာသီတွင် ၁,၆၉၉ ဒေါ်လာဖြင့်
စတင်ရောင်းချမည်ဖြစ်သည်။ CES 2013 ပြပွဲကို ဇန်နဝါရီ ၈ ရက်မှ ၁၁ ရက်အထိ
အမေရိကန်ပြည်ထောင်စု လက်စ်ဗီးဂက်စ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
Ref & Credit to Planet Myanmar Website