ပထမဆုံး iPhone ကို ၁၉၈၃ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့

4:09 PM
အရမ်းကို နာမည်ကြီးတဲ့ Iphone ရဲ့ အကြောင်းလေးပါ ဗဟုသုတ အနေနဲ့ ဖတ်ကြည့်လိုက်ပါဦး။
Apple ရဲ့နာမည်ကျော် iPhone ရဲ့ပထမဆုံးမျိုးဆက်ကို ၁၉၈၃ ခုနှစ်ကပင်စတင်ပုံဖော်ထုတ်လုပ်ခဲ့ပြီး အဆိုပါ iPhone သည်အထိုင်ဖုန်းပုံစံအဖြူရောင်ဖြစ်ကာ built-in screen ကို Stylus ဖြင့်ထိန်းချုပ်အသုံးပြုရကြောင်းသိရသည်။ယင်း 1983 ခုနှစ်ထုတ် iPhone ကို Apple အတွက် Hartmut Esslinger ဆိုသူဒီဇိုင်းပညာရှင်တစ်ဦးက
ပုံဖော်ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်သည်။အဆိုပါဖုန်းသည် iPhone နှင့် iPad တို့အတွက် Touch Screen နည်းပညာ၏ရှေ့ပြေးတစ်ခုလည်းဖြစ်သည်။ ၁၉၈၃ ခုနှစ်ထုတ် iPhone၏ ဒီဇိုင်းနှင့် တခြားသက်ဆိုင်သောအချက်အလက်များကို Standford တက္ကသိုလ်မှသိမ်းဆည်းထားခဲ့ပြီး ငုင်းတို့ကိုထိပ်တန်းလျို့ဝှက်ချက်အဖြစ်ထိန်းသိမ်းခဲ့ခြင်းဖြစ်ကာ ယခုမှ သက်ဆိုင်ရာ သတင်းထောက်နှင့်အဖွဲ့အစည်းများသို့စတင်အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ ငုင်းသည် Apple ၏အတိတ်တွင် မြုပ်နှံခဲ့သည့်နမူနာပုံစံငယ်များအနက်မှတစ်ခုဖြစ်ပြီး iPad နှင့်အနီးစပ်ဆုံးတူညီမှုရှိကြောင်းသိရသည်။ Reference: အင်တာနက်ဂျာနယ်