Fourth Generation ဖြစ်တဲ့ iPad MiNi ဟာ 7.9 inch display သာရှိပေမယ့် screen resolution ကတော့ iPad 2 (1024 x 768) အတိုင်း ရှိတာကြောင့် 4:3 aspect ratio ဖြစ်နေတဲ့ အတွက် HD video ကြည့်ရှုရာတွင် Letter Box (အပေါ်အောက် အမဲဘောင်လိုင်း) ကို မြင်တွေ့ နေရဦးမှာ ဖြစ်ပါတယ်။
သုံးစွဲသူအများစုရဲ့  မျှော်လင့်ချက်ကတော့ iPad App တွေကို update လုပ်ဖို့  မလိုပဲ iPad MiNi မှာ အသုံးပြုနိုင်ဖို့ ပါ။
iPodTouch 4G နဲ့  ပိုမိုဆင်တူတဲ့ iPad MiNi မှာ iPhone 5 လိုပဲ Lightning connector ပါရှိပြီး ယင်း adapter လေးက HDMI out, VGA out နဲ့  Camera နဲ့  ပက်သက်သော အရာများကို ယခုအခါ ချိပ်ဆက်ပေးနိုင်ပြီ ဖြစ်ပါတယ်။
A5X processor တပ်ဆင်ထားတဲ့ iPad MiNi ဟာ iPhone 5 လောက်တော့ မြန်လိမ့်မယ် မထင်မိပါဘူး ဒါပေမယ့် iPad App တွေကိုတော့ လျှင်လျှင်မြန်မြန် အလုပ်လုပ်ပေးနိုင်ပြီး Apple TV ကိုလည်း AirPlay စနစ်နဲ့  ကြည့်ရှုနိုင်ပါလိမ့်မယ်။
အရှေ့  မျက်နှာပြင်မှာ ပါရှိတဲ့ Face time HD Camera က တစ်ဆင့် 720p HD video chat လုပ်နိုင်ပြီး အနောက်ဖက်မှာတော့ 5MP iSight Camera နဲ့  အရည်သွေးမြင့် ဓါတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
iPad MiNi မှာပါဝင်တဲ့ 4G LTE စနစ်က web browsing လုပ်ရာမှာ 3G စနစ်ထက် ၁၀ဆ ပိုမိုမြန်ဆန်စေမှာ ဖြစ်ပြီး ဘက်ထရီ သက်တမ်းကတော့ တစ်ကြိမ် သွင်းထားရုံနဲ့  ၁၀နာရီကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်...