ထိုင်ဝမ်အခြေဆိုက် HTC အီလက်ထရောနစ် ကုမ္မဏီအနေနဲ့ Apple ရဲ့  iPad mini
နဲ့ Google Nexus များကို ယှဉ်ပြိုင်မည့် Windows ကျောက်သင်ပုန်း
ကွန်ပြူတာများ ထုတ်လုပ်မယ်လို့ သိရပါတယ်
ယင်းသတင်းကို HTC က အတည်မပြုပေးသေးပါဘူး။ သို့ပေမယ့် ထုတ်လုပ်မယ့်
Tablet အမျိုးအစား အတိအကျကိုတော့ ပြောဆိုနေကြပြီ ဖြစ်ပါတယ်။ ၇ လက်မ အရွယ်က
တစ်မျိုး ၁၂ လက်မ အရွယ်က တစ်မျိုး စုစုပေါင်း ၂ မျိုးထုတ်လုပ်မှာလို့
ဆိုပါတယ်။ အသုံးပြုတဲ့ OS ကလည်း Windows 8 ပဲ ဖြစ်ပါတယ်။
လက်ရှိ Tablet ဈေးကွက်မှာ နံပါတ် ၁ က Apple ဖြစ်ပါတယ်။ နောက်မှ
ဝင်လာတဲ့ Microsoft ရဲ့  Windows Surface တွေတောင် ရောင်းအား ထင်သလောက်
မတက်သေးပါဘူး။ သို့ပေမယ့် HTC ကတော့ ဈေး အသက်သာဆုံးနဲ့
ဈေးကွက်ဝင်ရောက်ဖို့ ကြိုးပမ်းနိုင်ချေ ရှိတယ်လို့ ခန့်မှန်း ထားကြောင်း
သိရပါတယ်။
————-
Ref>TechSpace Journal