အထူ ၁၀.၆ မီလီမီတာရှိတဲ့ HTC 8X ဟာ အခြားနာမည်ကြီး စမတ်ဖုန်းတွေနဲ့
ယှဉ်ရင် ကိုယ်ထည်အနည်းငယ် ပိုထူပြီး အလေးချိန်လည်း ပိုမိုများပြားနေပေမယ့်
လက်ထဲမှာကိုင်ပြီး အသုံးပြုတဲ့အခါမှာ သက်တောင့်သက်သာနဲ့ အဆင်ပြေမှု
ရှိပါတယ်။ Nokia Windows Phone တွေနည်းတူ လေးထောင့် ကိုယ်ထည်ကို
လုံးဝန်းတဲ့ ထောင့်စွန်းတွေနဲ့ ထုတ်လုပ်ထားပါတယ်။ အရွယ်အစားအနေနဲ့ အလျား
၁၃၂.၄ မီလီမီတာ၊ အနံ ၆၆.၂ မီလီမီတာ ရှိပြီး စုစုပေါင်းအလေးချိန် ၁၃၀ ဂရမ်
ရှိပါတယ်။ဖုန်းရဲ့အပေါ်ဘက်မှာ ၃.၅ မီလီမီတာအရွယ် နားကြပ်ပေါက်နဲ့ Power/Lock
ခလုတ်တို့ကို ထည့်သွင်းထားပြီး ဖုန်းရဲ့ညာဘက်မှာတော့ Micro-SIM Tray,
ကင်မရာ Shutter ခလုတ်နဲ့ အသံထိန်း ခလုတ်တို့ကို တွေ့မြင်ရပါတယ်။
ဖုန်းရဲ့ဘယ်ဘက် အောက်ထောင့်မှာ Micro-USB Port ကို ထည့်သွင်းပေးထားပြီး
ဖုန်းရဲ့ Display ကိုတော့ 720p 1,280×720 Pixel Resolution
နဲ့အသုံးပြုနိုင်မယ့် ၄.၃ လက်မအရွယ် Super LCD 2 Screen တပ်ဆင်
ထုတ်လုပ်ထားပါတယ်။ Corning Gorilla Glass 2 Display နဲ့
ဖုံးအုပ်ထားတာကြောင့် ပွန်းရာ၊ ခြစ်ရာတွေကို ခံနိုင်ရည်ရှိပြီး
Multi-Touch စနစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
1.5 GHz Qualcomm S4 Dual-Core ပရိုဆက်ဆာ တပ်ဆင်ထားပြီး Beats Audio
စနစ်လည်း ထည့်သွင်း ပေးထားပါတယ်။ 8 Megapixel ကင်မရာနဲ့ 2.1 Megapixel
Front-Facing ကင်မရာတို့ ပါဝင်ပြီး ကင်မရာ နှစ်ခုစလုံးနဲ့ 1080p
ရုပ်ရှင်ကူးမှုတွေ ပြုလုပ်နိုင်ပါတယ်။ Built-in Memory 16GB
ထည့်သွင်းပေးထားပေမယ့် Memory ကို ထပ်တိုးပြီးတော့ အသုံးပြုနိုင်ခြင်း
မရှိပါဘူး။ 3G နဲ့ Wifi စနစ်အပြင် HTC 8X မှာ NFC Feature ကိုလည်း
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 1,800 mAh ဘက်ထရီ အမျိုးအစားကို
အသုံးပြုထားပြီး အချိန်ကြာမြင့်စွာတော့ အသုံးပြုနိုင်ခြင်း မရှိပါဘူး။
Windows Phone 8 Operating System သစ်နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး
ကာလာကွဲ အမျိုးမျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ GSM 850/900/1800/1900 နဲ့ HSDPA
850/900/1900/2100 ကွန်ရက်တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Accelerometer, Proximity, Compass တဲ့ Sensor စနစ်တွေ ထည့်သွင်း
ထုတ်လုပ်ထားပြီး ဖုန်းတွင်း App အချို့ကိုလည်း ကောင်းမွန်စွာ
အသုံးပြုနိုင်ပါတယ်။ Beats နည်းပညာကို ပိုမိုကောင်းမွန်အောင်
ပြုလုပ်ထားတာကြောင့် အသံထွက်စနစ် ပိုမိုကောင်းမွန်လာတဲ့အပြင်
အသံဖမ်းယူခြင်းတွေမှာလည်း ဆူညံသံတွေကိုလျှော့ချ ပေးနိုင်ပါတယ်။
အားသာချက်
HTC 8X ကို ဆန်းသစ် တီထွင်မှုရှိတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီး ကင်မရာ
အရည်အသွေး ကောင်းမွန်သလို Beats Audio နည်းပညာကိုလည်း
ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးထားပါတယ်။
အားနည်းချက်
ဘက်ထရီသက်တမ်း နည်းပါးပြီး Memory ကိုလည်း ထပ်မံတိုးချဲ့ အသုံးပြုနိုင်ခြင်း မရှိပါဘူး။
ဟေမာ (Ref: CNET)
ကိုးကား- အင်တာနက်ဂျာနယ်