ဒီဖုန်းကို ခေါ်ဆိုစရာ အခြားနာမည်တွေလည်း ရှိပါတယ်။ နာမည်တွေကတော့ HTC
Etemity, HTC Bunyip HTC Ultimate ဆိုပြီးတော့ ဖြစ်ပါတယ်။ ထုတ်လုပ်ဖြန့်ချိ
ထားတာကတော့ ၂၀၁၁ ခုနှစ်ထဲက ဖြစ်ပါတယ်။ ကြာပေမယ့် အသုံးဝင်စေမယ့် handset
လေးဖြစ်ပါတယ်။ Touch-screen ကို S-LCD capacitive အမျိုးအစားကို
အသုံးပြုပေးထားပါတယ်။ 4.7 inches ရှိတဲ့ ဖုန်းမျက်နှာပြင်ကို
ထောက်ပံ့ပေးထားတဲ့ pixels ပမာဏကတော့ 480×480 ဖြစ်ပါတယ်။ တစ်လက်မမှာရှိတဲ့
pixel ပမာဏ သိပ်သည်းဆကတော့ 199 ppi ဖြစ်ပါတယ်။ ဖုန်းသံမြည်မှု အပိုင်းမှာ
MP3, WAV ringtones နဲ့ တုန်ခါမှု စနစ်တွေ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင်
Dolby Mobile and SRS sound enhancement စနစ်ပါဝင်သေးတဲ့အတွက်
အသံပိုင်းစနစ်ကို အားဖြည့် ဆောင်ရွက် ပေးထားပါတယ်။ Autofocus, dual-LED
flash, geo-tagging စနစ်တွေ ပါဝင်တဲ့ ကင်မရာရဲ့ စွမ်းရည်က 8 MP ရှိပါတယ်။
ဒုတိယ ကင်မရာငယ်ကတော့ 1.3 MP စွမ်းရည်ပါ။ Chipset က Qual.comm MSM 8255
အမျိုးအစားဖြစ်ပြီး CPU က 1.5GHz စွမ်းရည်ဖြစ်ပါတယ်။ Acceleromettr, gyro,
proximity, compass စတဲ့ sensors စနစ်တွေလည်း အသုံးပြုနိုင်ပါတယ်။
ပြင်ပဆူညံသံတွေကို ဖယ်ရှား စစ်ထုတ်ပေးနိုင်တဲ့ Active noise cancellation
with dedicated mic စနစ်လည်း အသုံးပြုနိုင်ပါတယ်။ Battery က Li-Ion 1600
mAH စွမ်းရည် ဖြစ်ပါတယ်။ အသင့်အနေအထားမှာ ၃၆၀ နာရီနဲ့ စကားပြောဆိုချိန်
အတွက်တော့ ၁၁ နာရီနီးပါး ခံနိုင်ရည် ရှိပါတယ်။ မှတ်ဉာဏ်အပိုင်းရဲ့
အားနည်းချက် တစ်ခုကတော့ card slot စနစ် မပါဝင်တာဘဲ ဖြစ်ပါတယ်။
ကိုးကား – Mobile Guide ဂျာနယ်