LG စက္ကူဖုန်း (Paper touch)

3:13 PM








G Paper touch လို့ အမည်ပေးထားတဲ့ ဖုန်းကတော့ LG ရဲ့ အနာဂတ်ဖုန်းဒီဇိုင်း ဖြစ်ပါတယ်။ ခေါက်ချိုး ချိုးလို့ရတဲ့ အီလက်ထရောနစ် စက္ကူနဲ့ ပျော့ပျော့ပျောင်းပျောင်း OLED မျက်နှာပြင်ကို ၂၀၀၇ ကတည်းက နည်းပညာကုမ္ပဏီ တော်တော်များများ တီထွင်ပြီး ဖြစ်ပါတယ်။ ပစ္စည်း အခက်အခဲကြောင့် ခေါက်ချိုးချိုးပြီး သိမ်းလို့ရတဲ့ ဖုန်းများကို ထုတ်လုပ်ခြင်း မရှိဘဲ ရှိတဲ့ပစ္စည်းများမှ အကောင်းဆုံး နာနို နည်းပညာဖြင့် အသုံးဝင်မယ့် အီလက်ထရောနစ် အစိတ်အပိုင်းများကို ဖန်တီးနေကြပြီ ဖြစ်ပါတယ်။ စက္ကူလို ခေါက်ချိုးလို့ရတဲ့ ဖုန်းက LG ကိုယ်တိုင် အနာဂတ် ဒီဇိုင်းအဖြစ် ကြေညာထားခြင်း ဖြစ်ပြီး ၇ လက်မ အရွယ်ရှိပြီး ချိုးလို့ရသလောက် အထိကို မျက်နှာပြင် တည်ဆောက် ပြောင်းလဲပေးပြီး ရုပ်ပုံဖော်ပြ ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ ဥပမာ လေးခေါက် ခေါက်ထားလည်း အချက်အလက်အားလုံး ဖော်ပြနိုင်ပြီး ၇ လက်မနဲ့ ကြည့်လည်း ဒီရုပ်ပုံတွေပဲ မြင်မှာ ဖြစ်ပါတယ်။ အသုံးပြုမယ့် ပစ္စည်းက အီလက်ထရောနစ် စက္ကူသတ္တုတစ်မျိုး ဖြစ်ပြီး ခွေခေါက်ရတဲ့ OLED Display ပါဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းခံပြီး resolution ကောင်းတဲ့ ရုပ်ပုံများကို မြင်တွေ့မှာ ဖြစ်ပါတယ်။