၁။ root explore ကို install လုပ်လိုက်ပါ။
၂။ download ဆွဲထားသော Droidsansfallback.ttf ကို sd card ထဲ ထည့်ထားပါ။
၃။ root explore ကို run လိုက်ပါ။ super user permission ပေးလိုက်ပါ
၎။ sd card ထဲမှာ ထည့်ထားတဲ့ Droidsansfallback.ttf ကို ၃ စက္ကန့်လောက် ဖိနှိပ်ပြီး copy ကို ရွေးလိုက်ပါ
၅။ system/fonts ကို ရောက်လျှင်ညာဘက် အပေါ်ဒေါင့်က Mount R/W ကို နှိပ်ပြီး
Mount R/O ဖြစ်အောင်ပြောင်းပါ။ (ပြောင်းလို့မရဘူးဆိုရင်တော့ Busy Box ကို install လုပ်ပါ။)
ပြီးလျှင် paste လုပ်လိုက်ပါ။ overwrite လုပ်မလားလို့မေးရင် Yes ကိုရွေးလိုက်ပါ။
ပြီးလျှင် paste လုပ်လိုက်ပါ။ overwrite လုပ်မလားလို့မေးရင် Yes ကိုရွေးလိုက်ပါ။
၆။ paste လုပ်လိုက်သော droidsanfallback.ttf ကို ၃ စက္ကန့်လောက် ဖိနှိပ်ပါပြီး permissions ကိုနှိပ်လိုက်ပါ။
၇။ permissions ကို rw-r-r ဖြစ်အောင် အောက်က ပုံအတိုင်း အမှန်ခြစ်ပေးပါ။
၈။ အခုဆိုရင်တော့ Android ဖုန်းတွေမှာ တရုတ်ဖောင့် မပျက်အောင် မြန်မာဖောင့် ထည့်လို့ ပြီးပါပြီ။Root မလုပ်ပဲ Frozen keyboard ကို Factory reset ချတောင် မပျက်အောင် ထည့်နည်း
အခု ပြောပြမှာကတော့ root လုပ်ထားထား မထားထား
CWM recovery တင်ထားရုံနဲ့ Frozen keyboard ကို factory reset ချတောင်
မပျောက်အောင် ထည့်နည်း ဖြစ်ပါတယ်။ ဒီ zip ဖိုင်လေး လုပ်ရတဲ့
ရည်ရွယ်ချက်ကတော့ Android ဖုန်းကို ကျွမ်းကျင်စွာ မသုံးတတ်သေးသည့်
User တွေမှာ ဖြစ်လေ့ ဖြစ်ထရှိသည့် Frozen keyboard ကို မှား၍ ဖျက်မိခြင်း ၊
factory reset ချလိုက်၍ keyboard ပျက်သွားခြင်းကြောင့်
ဆိုင်ပြန်ပြေးရခြင်း၊ အဲဒီအခက်အခဲများကို ဖြေရှင်းရန် ရည်ရွယ်ပြီး
လုပ်ထားတာဖြစ်ပါတယ်။
DOWNLOAD
၁။ CWM သွင်းရမည်။
Android ဖုန်းတွေအတွက် CWM ၀င်နည်းကတော့ ဖုန်းတစ်ခုနဲ့ တစ်ခု မတူပါဘူး။ အဲဒါကြောင့် ကျွန်တော် ဒီနေရာမှာ ရှင်းမပြတော့ပါဘူး။၂။ ကီးဘုတ်ထည့်နည်း
CWM ထည့်ပြီးပြီဆိုရင် တော့ ဖုန်းကို သက်ဆိုင်ရာ ခလုပ်များကို ပြိုင်တူနှိပ်၍ CWM recovery mode သို့ဝင်ပါ။ (အတိအကျမပြောရခြင်းမှာ ဖုန်းအမျိုးအစားပေါ်မူတည်၍ recovery mode ၀င်နည်းမတူခြင်း ကြောင့်ဖြစ်သည်။)
ပြီးလျှင် install zip from sdcard > choose zip from sdcard > FrozenKeyboardByHtayHlaingOo.zip ကို update လုပ်ပါ။
main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။
ဖုန်း Reboot ပြန်တက်လာတဲ့ အခါ မြန်မာစာကို ရေးနိုင်တဲ့ Frozen keyboard ကို factory reset ချတောင်မပျောက်ပဲ ဖုန်းထဲမှာရှိနေပါလိမ့်မယ်။
အားလုံးအဆင်ပြေကြပါစေ.......
မှတ်ချက်။ ။ mr.android ဆိုဒ်မှကူးယူတင်ပြထားပါသည်။