4G LTE ထောက်ပံ့ပေးထားသော နောက်ဆုံးပေါ် စမတ်ဖုန်းများ
——————————
1.Apple iPhone 5
iPhone 5ဟာ ဆန်းသစ်လှပတဲ့ ဒီဇိုင်းပုံစံရှိပြီး ကိုယ်ထည်ကို အလူမီနီယံနဲ့
တည်ဆောက်ထားတဲ့အတွက် ကျစ်လစ် သပ်ရပ်ပေါ့ပါးမှု ရှိပါတယ်။ iPhone 5မှာ
ပါဝင်တဲ့ ကင်မရာ အရည်အသွေးကို ပိုပြီးတိုးတက် ကောင်း မွန်အောင်
ပြုလုပ်ထားတဲ့အတွက် ရုပ်ထွက် ကြည်လင်ပြတ်သားမှုကို အကောင်းဆုံး
ပေးစွမ်းနိုင်ပါတယ်။ မြန်နှုန်းမြှင့် A6 processorကို တပ်ဆင်ပေးထားတဲ့အတွက်
စမတ်ဖုန်းတစ်လုံးရဲ့ Performance ကို ကောင်းမွန်စေပါတယ်။ နောက်ဆုံးပေါ်
နည်းပညာဖြစ်တဲ့ 4G LTE networkကို ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် iPhone 5
ပာာ iOS 6
မှာအဆင်မပြေမှုများစွာတွေ့နေရပါတယ်။အဲဒါကြောင့်ပန်းသီးချစ်သူများအတွက်တော့
နဲနဲ အခက်တွေ့စေပါတယ်။ဒါပေမယ့်လည်းiPhone 5 ပာာ
တခြားသောမိုဘိုင်းလ်ဖုန်းတွေထက်ပိုပြီးတော့အကြမ်းခံတဲ့ဖုန်းလေးတစ်လုံးလဲဖြစ်ပါတယ်။
2.LG Optimus True HD LTE
နောက်ဆုံးပေါ်နည်းပညာတွေကို ထည့်သွင်း ထုတ်လုပ်ထားတဲ့ LG Optimus True HD
LTE စမတ်ဖုန်းကို ဈေးကွက်ထဲသို့ ဖြန့်ချိလိုက်ပါတယ်။ LG Optimus True HD
LTE ရဲ့ ထူးခြားချက်ကတော့ ကင်မရာအရည်အသွေး ကောင်းမွန်ခြင်းပဲ ဖြစ်ပါတယ်။
အင်တာနက် ကွန်နက်ရှင် speed အမြန်ဆုံး ပေးစွမ်းပေးမယ့် 4G LTE
Networkကိုလည်း ထည့်သွင်းထားပါတယ်။
3.LG Optimus G
LG Optimus G ဖုန်းဟာ အရွယ်အစား 4.7 လက်မရှိပြီး HD IPS displayကြောင့်
စိုစိုပြေပြေရှိတဲ့ ပုံရိပ်တွေကို တွေ့မြင်ရမှာပါ။ ဖုန်းကိုယ်ထည် ကိုတော့
Solid ဖြစ်အောင် တည်ဆောက်ပေးထားပါတယ်။ ကင်မရာ အရည်အသွေး ပုံမှန်သာ
ရှိတဲ့အပြင် micro SD ကဒ် ထပ်စိုက်သုံးလို့ မရတာကတော့ အားနည်းချက်
တစ်ခုပါပဲ။ တခြား deviceတွေနဲ့ ချိတ်ဆက်ဖို့အတွက် Bluetooth 4.0၊ USB 2.0
အစရှိတာတွေ ပါဝင်ပါတယ်။ မိုဘိုင်းအင်တာနက် အမြန်းနှုန်းဖြစ်တဲ့ 4G
နည်းပညာကို ထောက်ပံ့ပေးထားပါသည်။
4.Nokia Lumia 820
Nokia ဟာ Lumia series တစ်ခု ဖြစ်တဲ့ Nokia Lumia 820ကို အရောင်အသွေး
စုံလင်စွာ ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ ဖုန်း ကိုယ်ထည်ကို polycarbonate
unibody ဒီဇိုင်းပုံစံနဲ့ တည်ဆောက် ထားပါတယ်။ Lumia 820ရဲ့
ထူးခြားချက်ကတော့ ကြိုးမဲ့အားသွင်း စနစ်ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။
အင်တာနက် ချိတ်ဆက်ရန် 4G နည်းပညာကို ထည့်သွင်းထားပါတယ်။
5.Samsung Galaxy Note 2 LTE
ယခုလက်ရှိ ဈေးကွက်ထဲကို ၀င်ရောက်လာတဲ့ Samsung Galaxy Note 2ဟာ Android OS
Jelly Beanကို အသုံးပြုထားပါတယ်။ ကြီမားကျယ်ပြန်ပြီး 5.5 လက်မ ရှိတဲ့
displayကြောင့် ဗီဒီယိုနှင့် ဓာတ်ပုံတွေကို မြင်ကွင်း ကျယ်ကျယ်
ကြည့်ရှူခံစားနိုင်ပါတယ်။ Quad Core processorကို ထည့်သွင်းပေးထားတဲ့အတွက်
ဖုန်းအတွင်းပိုင်း လုပ်ဆောင်ချက်တွေကို လျင်မြန်စွာ လုပ်ဆောင်နိုင်ပါတယ်။
ဖုန်းဘက်ထရီဟာ 3100mAh ရှိတဲ့အတွက် 4G networkကို အသုံးပြုရန် အကောင်းဆုံး
အနေအထားမှာ ရှိပါတယ်။
6.Samsung Galaxy S III LTE
Samsung Galaxy S III ဖုန်းကို ရုပ်ထွက်ကောင်းမွန်တဲ့ displayကို
အသုံးပြုထားပြီး ကိုယ်ထည်ကို ပလက်စတစ်နဲ့ တည်ဆောက်ထားပါသည်။ ကင်မရာ
အရည်အသွေး ကောင်းမွန်သည့်အပြင် ဒေတာ အချက်အလက် များစွာ သိမ်းဆည်းဖို့အတွက်
memoryကို လုံလောက်စွာ ထည့်သွင်းထား ပါတယ်။ ဖုန်းအတွင်း လုပ်ဆောင်ချက်
performanceဟာ အမြန်ဆုံး အနေအထားမှာ ရှိပါတယ်။ အကယ်၍ သင်ဟာ ဆမ်ဆောင်း
ပစ္စည်းတွေကို ကြိုက်နှစ်သက်သူတစ်ယောက် ဖြစ်ခဲ့ရင်တော့ 4G network ပါတဲ့
Samsung Galaxy S III ဖုန်းဟာ ရွေးချယ်အသုံးပြုချင်စရာ ကောင်းတဲ့
စမတ်ဖုန်းလေးပဲ ဖြစ်ပါတယ်။
Ref>Myanmar ICT