iTools English version 3.1.7.5

1:29 AM


DownloadiToolsENSetup_3.1.7.5 12 MB

Fully supports iTunes 12.1

Pass: itoolsen.blogspot.com
Official : http://www.itools.cn/








Thank onggiachonggay

Facebook အကောင့် ဆက်ခံသူကို ရွေးနိုင်တော့မယ်

1:01 AM

ငေ်္Facebook အသုံးပြုသူ တစ်ဦးဦး သေဆုံးတဲ့အခါ သူ့ရဲ့ အကောင့်ကို ကျန်ရစ်သူ တစ်ဦးဦးက လက်လွှဲ ဆက်ခံနိုင်စေဖို့ ကြိုတင် ရွေးချယ်ထားနိုင်မယ့် နည်းလမ်းကို ဖေ့စ်ဘွတ်က မိတ်ဆက်လိုက်ပါတယ်။
ဒီနည်းလမ်း ပေါ်ထွက်မလာမီ အချိန်အထိ အကောင့်ပိုင်ရှင် တစ်ဦးဦး သေဆုံးလို့ ဖေ့စ်ဘွတ်ကို အကြောင်းကြားခဲ့ရင် အဲဒီ လူရဲ့ ဖေ့စ်ဘွတ် စာမျက်နှာက သူ့ကို အမှတ်ရတဲ့ စာမျက်နှာအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပေမယ့် အဲဒီ စာမျက်နှာမှာ တခြား ဘာမှ ပြုပြင် ပြောင်းလဲလို့ မရပါဘူး။
အခုတော့ Legacy contact လို့ ခေါ်တဲ့ အမွေဆက်ခံသူကို ရွေးချယ်ထားနိုင်မယ့် နည်းလမ်းအရ အကောင့်ပိုင်ရှင် သေဆုံးတဲ့အခါ အဲဒီ ဆက်ခံသူက သေဆုံးသူရဲ့ အမှတ်ရ စာမျက်နှာပေါ်မှာ ပို့စ်တင်တာ၊ Friend အသစ်တွေ လက်ခံတာ၊ Profile ပုံနဲ့ Cover ပုံတွေ ပြောင်းတာ စတာတွေ လုပ်လာနိုင်တော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် အခု မိတ်ဆက်လိုက်တဲ့ Legacy contact ရွေးချယ်တဲ့ နည်းကို လောလောဆယ်မှာတော့ အမေရိကန်က ဖေ့စ်ဘွတ် အသုံးပြုသူတွေသာ ရရှိဦးမှာ ဖြစ်ပြီး တခြားနိုင်ငံတွေက ဖေ့စ်ဘွတ် သုံးသူတွေအတွက် နောက်မှ ဆက်လက် တိုးချဲ့ပေးသွားမယ်လို့ သိရပါတယ်။

Ref:BBC

Samsung Galaxy ထုတ်ကုန်သစ်ကို မတ်လ ၁ ရက်တွင် မိတ်ဆက်ဖွယ်ရှိ

12:55 AM

Samsung သည် ၎င်း၏ နာမည်ကျော် Galaxy ထုတ်ကုန်သစ်ကို မတ်လ ၁ ရက်တွင် ပွဲထုတ်မိတ်ဆက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
Samsung သည် နှစ်စဉ် ပုံမှန်ကျင်းပသည့် Galaxy Unpacked ပွဲအတွက် ဂျာနယ်လစ်များကို ဖိတ်ကြားမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ အနက်ရောင် ဖိတ်စာပေါ်တွင် What’s Next ဟူသော စာသားနှင့် ကွေးညွှတ်ထားသည့် ထုတ်ကုန်တစ်ခုကို အရိပ်အမြွက် ဖော်ပြခဲ့သည်။
ကောလာဟလ သတင်းများတွင်မူ Samsung သည် Galaxy S6 စမတ်ဖုန်းကို Mobile World Congress ကုန်စည်ပြပွဲ မတိုင်မီ မိတ်ဆက်ပြသဖွယ်ရှိကြောင်း ဖော်ပြထားသည်။
ကိုရီးယားကုမ္ပဏီကြီးသည် သုံးလပတ် ငါးကြိမ်ဆက်တိုက် အမြတ်ငွေ ကျဆင်းခဲ့သလို မိုဘိုင်းဈေးကွက်ရှယ်ယာမှာလည်း ကျဆင်းခဲ့သောကြောင့် နာမည်ကျော် ထုတ်ကုန်သစ် မိတ်ဆက်ရေးမှာ Samsung အတွက် အရေးအကြီးဆုံး အချိန်ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် Galaxy Unpacked ပွဲတွင် Samsung သည် Galaxy S5 အပြင် Gear 2 နှင့် Gear Fit စသည့် ဝတ်ဆင်နိုင်သော စမတ်ထုတ်ကုန်များကိုပါ မိတ်ဆက်ပေးခဲ့ည်။ ထို့နောက်တွင် စက်တင်ဘာလ၌ ကျင်းပခဲ့သည့် ဒုတိယမြောက် Unpacked ပွဲတွင် Galaxy Note 4 phablet, curved-screen Note Edge နှင့် virtual-reality Gear VR headset တို့ကို Samsung က မိတ်ဆက်ပေးခဲ့သည်။
Ref: CNET

Call me back ကို အသုံးပြုနိုင်သည်ဟု Ooredoo ကြေညာ

12:53 AM

မိုဘိုင်းဖုန်းအတွင်း ငွေလက်ကျန် နည်းနေသည့်အခါတွင်ဖြစ်စေ၊ ငွေလက်ကျန် ကုန်ဆုံးသွားသည့် အခါတွင် ဖြစ်စေ မိမိထံသို့ ဖုန်းပြန်လည် ခေါ်ဆိုစေရန် Call me back စနစ်ဖြင့် အကြောင်း ကြားနိုင်သည်ဟု Ooredoo က ကြေညာသည်။
မကြာသေးခင်က Call me back ဝန်ဆောင်မှုကို အသုံးပြုနိုင်သည့် Telenor ကလည်း ကြေညာခဲ့သည်။ Telenor အနေဖြင့် Call me back ကို မည့်သည့် ဖုန်းလိုင်းကိုမဆို ပေးပို့နိုင်သည်ဟု ကြေ ညာခဲ့သော်လည်း Ooredoo သည် ၎င်းတို့ ဖုန်းသုံးစွဲသည့် မည်သည့် နံပါတ်ကိုမဆို ပေးပို့နိုင်သည်ဟု ကြေညာခဲ့သည်။
Call me back ဝန်ဆောင်မှုကို ၎င်းတို့အနေဖြင့် အသုံးပြုသူများ အဆင်ပြေစွာ အသုံးပြုနိုင်ရန် ယခင်ကတည်းက ဖွင့်လှစ်ပေးထားခြင်း ဖြစ်သော်လည်း အသုံးပြုသူများအနေဖြင့် သိရှိသူ နည်း ပါးသေးကြောင်း သိရသည်။ ကြိုတင်ငွေပေးချေစနစ်ကို အသုံးပြုသည့် မိုဘိုင်းဖုန်းများအတွက် ငွေကြေး ကုန်ကျခြင်းမရှိသည့် Call me back ဝန်ဆောင်မှုကို Telenor နှင့် Ooredoo က ပေးအပ်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွက် Reebonz အွန်လိုင်းစတိုး စတင်ဖွင့်လှစ်

12:52 AM

မြန်မာနိုင်ငံအတွက် Reebonz အွန်လိုင်းစတိုး စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး www.reebonz.com.mm တွင် စာရင်းသွင်း၍ အွန်လိုင်းမှ ဈေးဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းစတိုးမှ လက်ပတ်နာရီ အမှတ်တံဆိတ်များစွာနှင့် လက်ကိုင်အိတ် အမျိုးမျိုးတို့ကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ Reebonz သည် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ သြစတြေးလျ၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် တောင်ကိုးရီးယားနိုင်ငံများတွင် ရပ်တည်လျက်ရှိကြောင်း၊ အဖွဲ့ဝင်ပေါင်း သုံးသန်းကျော်ရှိကြောင်း သိရသည်။ ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အရှေ့အလယ်ပိုင်းနှင့် မြန်မာနိုင်ငံတို့အတွက် ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း ဆိုသည်။
Reebonz ၏ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော Concept Store ကို ရန်ကုန်မြို့ Golden City တွင် ဖေ ဖော်ဝါရီလ ၁ ရက်မှစတင်ကာ ဖွင့်လှစ်ခဲ့သည်။ Reebonz မှရောင်းချသော ကုန်ပစ္စည်းများအားလုံး ၏ အရည်အသွေးနှင့် ဈေးနှုန်းကို ရာနှုန်းပြည့် အာမခံပေးထားသည်ဟု ဆိုသည်။ ရောင်းချနေသော ကုန်ပစ္စည်းများ အားလုံးမှာ အထင်ကရ ဖက်ရှင်ဒီဇိုင်နာ လက်ရာများဖြစ်ကြောင်း ပြောကြားထားသည်။
မြန်မာနိုင်ငံအတွက် ဖွင့်လှစ်ထားသော အွန်လိုင်စတိုး စာမျက်နှာတွင် အိတ်များ၊ Accessories၊ နာရီများ၊ လက်ဝတ်ရတနာ၊ ဖိနပ်များ အစရှိသည်တို့ကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်း တွေ့ရသည်။ Reebonz ကို ၂၀၀၉ ခုနှစ်က စင်ကာပူနိုင်ငံတွင် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။

Telenor အရောင်းဆိုင်များတွင် Nano Sim များကို ဝယ်ယူနိုင်ပြီ

12:49 AM
Telenor Myanmar က Nano Sim အသုံးပြုလိုသူများအတွက် ၎င်းတို့၏ အရောင်းဆိုင်များ အားလုံးတွင် အဆိုပါ ဆင်းမ်ကတ်များကို စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ ဆက်သွယ်ရေးကုမ္ပဏီ၏ ပုံမှန်ဆင်းမ်ကတ်များကို အသုံးပြုနေသူများ အနေဖြင့် Nano Sim ကို ပြောင်းလဲအသုံးပြုလိုပါက နီးစပ်ရာ အရောင်းဆိုင်များတွင် မှတ်ပုံတင်မိတ္တူ ကို ပြသပြီး ၁,၅၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။
Telenor ၏ မူလဆင်းမ်ကတ်များကို အသုံးပြုနေသူများမှ Nano Sim ဖြင့် လဲလှယ်သည့်အခါတွင် သုံးစွဲသူ၏ အချက်အလက် လုံခြုံရေးအတွက် သက်ဆိုင်ရာ အရောင်းဆိုင်များမှ လုံခြုံရေး ဆိုင်ရာ မေးခွန်းအနည်းငယ် မေးမြန်းနိုင်ဖွယ်ရှိကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။

နာမည်ကြီးဟန်းဆက်များ ရောင်းအားကျဆင်းလာ

12:48 AM

ဟန်းဆက်အရောင်း ဈေးကွက်အတွင်း ယခင်က Huawei နှင့် Samsung က ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့သော်လည်း ဟန်းဆက် Brand မျိုးစုံဝင်ရောက်လာသည့် ၂၀၁၄ ခုနှစ်မှစတင်၍ ၎င်းတို့၏ ရောင်းအားများ ကျဆင်းလာခဲ့သည်ဟု ဈေးကွက်လေ့လာသူတို့က ပြောသည်။
“အရင်ကဆိုရင် Huawei က ထိပ်ဆုံးကပဲ။ အခုတော့ သူလိုမျိုး ဈေးနှုန်းနိမ့် ဟန်းဆက်တွေကလည်း အများကြီးဝင်လာတော့ ဈေးကွက်ဝေစုက မျှသွားတဲ့သဘော ဖြစ်သွားတယ်။ Samsung ဆိုရင်လည်း အမြင့်ပိုင်း မော်ဒယ်တွေဖြစ်တဲ့ ဟန်းဆက်တွေ (Note Series) လောက်ပဲ အခြား Brand တွေနဲ့ ရောင်းအားယှဉ်နိုင်တော့တယ်” ဟု Mr. Fone မှ တာဝန်ရှိသူက ပြောသည်။
၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ တယ်လီကွန်းဈေးကွက် ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် နိုင်ငံတကာမှ ဟန်းဆက် Brand မျိုးစုံ ဝင်ရောက်လာကြပြီး တစ်နှစ်တာကာလ အတွင်း ဟန်းဆက် Brand အရေအတွက် ၂၀ ကျော်ဝန်းကျင်အထိ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာခဲ့ကြောင်း ဈေးကွက်လေ့လာသူတို့က ဆိုသည်။
“အရင်ကဆိုရင် ဈေးကွက်မှာ Huawei က ၈၀ ရာခိုင်နှုန်းလောက် ရောင်းအားရှိတယ်လေ။ အခုတော့ သူရှိရင် ၄၀ ရာခိုင်နှုန်းပေါ့။ အခုက Brand တွေ အများကြီး ဝင်လာတယ်။ ဈေးနှုန်းကနိမ့်ပြီး အရည်အသွေးကလည်း တူလာကြတယ်။ ၂ သိန်းကျော်တဲ့ အပိုင်းလောက်မှာပဲ Brand တွေဘက်ကို လူတွေက စိတ်ဝင်စားတော့တယ်။အများအားဖြင့် အသစ်ဝင်ရောက်လာသည့် ဟန်းဆက် Brand များသည် လူအများသိအောင် ဈေးကွက်ကို ကြော်ငြာဖြင့် ထိုးဖောက်ဝင်ရောက်လာသော်လည်း အချို့သော ဈေးနှုန်းနိမ့် ဟန်းဆက်များသည် လူသိများပြားခြင်း မရှိသော်လည်း အများနည်းတူ အောင်မြင်နေကြသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။
“အရင်က Huawei အောင်မြင်တယ်ဆိုတာ ဟုတ်တယ်။ အခုက ဈေးတွေကလည်း သိပ်မကွာဘူး။ အရင်က သူ့အနေနဲ့ ဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းဆိုရင်လည်း အခုတော့ ကျသွားကြတာပဲ။လက်ရှိအချိန်၌ ဟန်းဆက်ဝယ်လိုအားသည် ဈေးနှုန်းနိမ့်ဟန်းဆက်များ ဖြစ်ကြသော်လည်း မော်ဒယ်မြင့်၍ ဈေးနှုန်းမြင့်မားသည့် ဟန်းဆက်ဝယ်လိုအားမှာလည်း အလားတူ မြင့်တက် လာခဲ့ကြောင်း သိရသည်။

REF: INTERNETJOURNAL

MPT ဖုန်းများ ပြည်ပသို့သယ်ဆောင်ရန် အခမဲ့လျှောက်ထားနိုင်

12:44 AM
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖုန်းများအား International Outbound Roaming ဝန်ဆောင်မှုအတွက် သတ်မှတ်နေရာများတွင် အခမဲ့ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကြိုတင်ငွေဖြည့်ကတ်သုံး မိုဘိုင်းဖုန်းများအတွက် မိမိသုံးစွဲမည့် အခြေအနေအရ ကျသင့်မည့်ဘီလ်ပမာဏကို ခန့်မှန်းကာ ကြိုတင်ငွေဖြည့်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါဖုန်းအတွက် International Outbound Roaming ဖွင့်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရုံးချုပ်အခြေစိုက် မိုဘိုင်းဆက်သွယ်ရေးစခန်း၊ ရန်ကုန်မြို့တွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ ဘီလ်စနစ်သုံး မိုဘိုင်းဖုန်းများအတွက်မူ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ငွေလက်ခံကောင်တာများ၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး မန်နေဂျာ ရုံး၊ ငွေစာရင်းဌာနများတွင် သတ်မှတ်ထားသော ကြိုတင်ငွေပေးသွင်းရန် လိုအပ်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ကြိုတင်ငွေဖြည့်ကတ်သုံး မိုဘိုင်းဖုန်းများအတွက် အသေးစိတ်ကို ဖုန်း-၀၁ ၈၆၀၄၉၇၇ သို့ ဆက်သွယ် မေးမြန်းနိုင်မည်ဖြစ်ပြီး ဘီလ်စနစ်သုံး မိုဘိုင်းဖုန်းများအတွက် ကြိုတင်ငွေပေးရန် အသေး စိတ်ကို ဖုန်း-၀၁ ၂၄၆၄၄၈ သို့ မေးမြန်းနိုင်ကြောင်း သိရသည်။ International Outbound Roaming လျှောက်ထားပါက ပြည်ပနိုင်ငံများသို့ မိမိဖုန်းကို သယ်ဆောင်အသုံးပြုခြင်း၊ စာတိုပေး ပို့ခြင်း၊ အင်တာနက်အသုံးပြုခြင်း စသည့် ဝန်ဆောင်မှုများကို ရရှိမည်ဖြစ်သည်။
ဖုန်းခေါ်ဆိုခမှာ သက်ဆိုင်ရာ နိုင်ငံအလိုက် သတ်မှတ်ထားသော နှုန်းထားများအတိုင်း ဖြစ်သည်။ International Outbound Roaming လျှောက်ထားရန်အတွက် သတ်မှတ်ဖောင်တွင် အမည်၊ ဖုန်းနံပါတ်၊ သွားရောက်မည့်နိုင်ငံ၊ ထွက်ခွာမည့်နေ့၊ မှတ်ပုံတင်နံပါတ်၊ လိပ်စာ အစရှိသည့် အချက်အလက်များကို ဖြည့်စွက်ရမည်ဖြစ်သည်။

Tags: 

  • Mobile
  • MPT
  • Outbound Roaming

MPT SIM Card ပျောက်ဆုံး၊ ပျက်စီး ဆင်းမ်ကတ်များ အမြန်ဆုံး ပြန်လည်လျှောက်ထားနိုင်မည်

11:55 PM



MPT အမှတ်တံဆိပ် ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးမှုများ ဖြစ်ပေါ်လာပါက ဆင်းမ်ကတ် အသုံးပြုသူများ အနေဖြင့် ၎င်းတို့နှင့် နီးစပ်ရာ ဆက်သွယ်ရေး ရုံးများတွင် ပြန်လည် လျှောက် ထားနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
ထိုကဲ့သို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝယ်ယူထားသော ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးမှုများအတွက် မည်သည့် နေရာဒေသတွင်မဆို ပြန်လည်လျှောက်ထားနိုင်သည် ဆိုရာတွင် ယခင်က တန်ဖိုးကြီး ဆင်းမ်ကတ်များပါ ပါဝင်ပြီး ပြန်လည် လျှောက်ထားခသည်လည်း ကျပ် ၁,၅၀၀ သာ ကျသင့်မည် ဖြစ်သည်။ သို့သော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ နည်းပညာ ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးမှုများအတွက်မူ ပြန်လည်လျှောက်ထားခ ပေးချေရမည်မဟုတ်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချထားသော ဆင်းမ်ကတ် ပျောက်ဆုံး၊ ပျက်စီးမှုများအတွက် ယခင်က ရန်ကုန်တိုင်းဒေသကြီးရှိ အလုံမြို့နယ် ဆက်သွယ်ရေးရုံးနှင့် ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးတို့တွင်သာ ပြန်လည်လျှောက်ထားခြင်းကိစ္စကို ဆောင်ရွက်ခဲ့ကြ ရကြောင်း သိရသည်။
“အခုဆိုရင် ကိုယ်ရောက်နေတဲ့ ဘယ်နေရာဒေသမှာဖြစ်ဖြစ် ဆင်းမ်ကတ်တွေ ပျောက်ဆုံး၊ ပျက်စီးမှုအတွက် အမြန်ဆုံး ပြန်လည်လျှောက်ထားလို့ ရပါပြီ။ ခရီးလွန်နေရင်းနဲ့ ဆင်းမ်ကတ်တွေ ပျောက်ဆုံးတာဖြစ်ဖြစ်၊ ပျက်စီးတာဖြစ်ဖြစ် ကိုယ်ရောက်နေတဲ့ မြို့နယ်က အနီးစပ်ဆုံး ဆက်သွယ်ရေးရုံးမှာ လျှောက်နိုင်ပါပြီ”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုကဲ့သို့ ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းများ ဖြစ်ပေါ်ခြင်းအတွက် နေရာဒေသမရွေး ပြန်လည်လျှောက်ထားနိုင်မည့်အပြင် အချိန်တိုအတွင်း အမြန်ဆုံး ပြန်လည် ရရှိနိုင်မည် ဖြစ်ကြောင်းလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ယခင်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းများအတွက် ပြန်လည်လျှောက်ထားသည့်အခါ အနည်းဆုံး ရက်သတ္တပတ် တစ်ပတ်ခန့် စောင့်ဆိုင်းရပြီး ကျပ် ၂ သောင်းမှ ကျပ် ၅ သောင်းခန့် ကုန်ကျခဲ့ရကြောင်း MPT ဆင်းမ်ကတ် အသုံးပြုသူအချို့ထံမှ သိရသည်။

Telenor ၏ အင်တာနက် ဆက်ကြောင်း ဖေဖော်ဝါရီလအတွင်း ချိတ်ဆက်မိမည်ဟုဆို

11:54 PM

ပြိုင်ဘက်အော်ပရေတာများအကြား အင်တာနက်အမြန်နှုန်း နှေးကွေးနေသည်ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် Telenor Myanmar သည် အင်တာနက် အမြန်နှုန်းမြှင့်တင်နိုင်ရန် ထိုင်းနိုင်ငံဘက်မှ ဆက်ကြောင်းတစ်ခုနှင့် ချိတ်ဆက်နေသည်ဟု သိရသည်။
Telenor အနေဖြင့် ထိုင်းနိုင်ငံဘက်က အင်တာနက်ဆက်ကြောင်းနှင့် ချိတ်ဆက်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လာမည့် ဖေဖော်ဝါရီလအတွင်း အပြီးသတ် ချိတ်ဆက်နိုင်တော့မည်ဟု သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“Brandwidth အနေနဲ့ မကန့်သတ်ထားဘူး။ ကြိုက်သလောက် ယူလို့ရတယ်။ စစချင်းမှာတော့ 10 GB ယူသွားမယ်” ဟု Telenor မှ CEO ဖြစ်သူ Mr. Petter Furberg က ပြောသည်။
မိုဘိုင်းဖုန်းနှင့် အင်တာနက် အသုံးပြုသူများ၏ အဆိုအရ ပြည်ပမှ ဝင်ရောက်လာသည့် ဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် Ooredoo နှင့် Telenor ကို နှိုင်းယှဉ်အသုံးပြုရာတွင် Ooredoo ၏ အင်တာနက်အမြန်နှုန်းမှာ Telenor ထက် ပိုမိုကောင်းမွန်နေသည်ဟု သိရသည်။
လက်ရှိအချိန်၌ ကြန့်ကြာမှုများနှင့် ကြုံတွေ့နေရသည့် ထိုင်နိုင်ငံမှ အင်တာနက်ဆက်ကြောင်းကို စတင် အသုံးပြုနိုင်မည်ဆိုပါက မိုဘိုင်း အင်တာနက်အမြန်နှုန်းသည် ယခုထက် အဆပေါင်းများစွာ ကောင်းမွန်လာမည်ဖြစ်ပြီး အခြားသော အော်ပရေတာများနှင့် ယှဉ်ပြိုင်နိုင်တော့မည်ဟု Telenor မှ တာဝန်ရှိသူက ပြောဆိုထားသည်။
တယ်လီကွန်း ဈေးကွက်ဝေစုကို အများဆုံးရရှိထားသည့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် လက်ရှိအချိန်၌ Internet Brandwidth ပမာဏစုစုပေါင်း 32.32 GB ကို ချိတ်ဆက်ထားနိုင်သည်ဟု သတင်းထုတ်ပြန် ထားသော်လည်း အခြားသော ဆက်သွယ်ရေးအော်ပရေတာ နှစ်ခုသည် ၎င်းတို့ပိုင်ဆိုင်သည့် Brandwidth ပမာဏကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ပြည်ပမှဝင်ရောက်လာသည့် ဆက်သွယ်ရေး အော်ပရေတာများကို Internet Brandwidth ငှားရမ်း အသုံးပြုခွင့်ပေးမည်ဟု ပြောဆိုထားသော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ Ooredoo နှင့် Telenor တို့မှ ပွင့်လင်းစွာပြောဆိုထားခြင်း မရှိပေ။