Sony ဖုန်းများကို Online မှတိုက်ရိုက် Firmware ပြန်တင်နည်း။

11:56 AM
Sony ဖုန်းများကို Online မှ Official Firmware တင်လို ရတဲ Software လေးပါ။

Sony Xpeia ဖုန်းတွေ Firmware ပျက်လို့
Logo မှာရပ်နေရင် ဘာမှမစိုးရိမ်ပါနဲ့တော့။

Internet Connection လေးတော့လိုပါတယ်။လွယ်လွယ်လေးပါ။

Download Link - https://www.dropbox.com/s/oussdntb086npv2/Update_Service_Setup-2.11.9.6.zip

Download လုပ်ပြီးရင်တော့ Computer ထဲကို Install ဆွဲလိုက်ပါ။
Checking Update လုပ်နေပါလိမ့်မယ်။
ပြီးရင်တော့ ကို့ဖုန်းရဲ့အမျိုးအစားကိုရွေးပေးလိုက်ပါ။
Back Key လေးဖိနိုပ်ပြီး USB ထိုးပေးလိုက်ပါ။
Auto Download ဆွဲပြီး Firmware ကို တင်ပေးပါလိမ့်မယ်။
ဒါဆိုရင်တော့ Logo မှာရပ်နေလို့ စိတ်ညစ်ရတာတွေပျောက်ပြီပေါ့နော်

မှတ်ချက်။           ။ Battery 50% ကျော်အောင်သွယ်းထားပါ။

SMS bomber or text bomber ( Android )

11:50 AM
Message တွေကို minute တွေခြားပြီး bomb ကျဲချင်သူတွေအတွက် သနတ်လေးပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်ကတော့ ပိုက်ဆံတော့ ကုန်တယ် :P .  ချစ်သူစိတ်ကောက်နေတဲ့အခါ၊ ပျော်အောင် surprise လုပ်တဲ့အခါ၊ happy birthday လို့မျိုးအခါမျိုးမှာ အသုံးဝင်ပါတယ်။ http://www.4shared.com/android/EWX9gMTu/sms-bomber-text-bomber150.html

ရုပ်ဆိုး၊ရုပ်ချောကို ဆုံးဖြတ်ပေးမဲ့ App (IOS,Android)

11:07 AM
ရုပ်ဆိုး၊ရုပ်ချောကို ဆုံးဖြတ်ပေးမဲ့ App ဖြစ်ပါတယ်။ ဟိုတခါကတော့ FM radio မှာ နားထောင်လိုက်ရတယ်
ဒီ App က Australia မှာ Popular ဖြစ်နေတယ်ဆိုပြီးရယ် ဒီ Apps က တကယ် နည်းပညာတွေနဲ့ သေချာ
လုပ်ထားတာဖြစ်ပြီး မှန်ကန်ကြောင်းရယ်... တခြား သတင်းတခုမှာကြတော့ ဒီ Apps ကြောင့် American
မှာရှိတယ် ဆယ်ကျော်သက်လေးတွေက သူတို့ရဲ့ ရရှိတဲ့ rate ပေါ်မှာ စိတ်ပျက်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရင်ကို
ထိခိုက်သွားတာတို့....စတာတို့နဲ့ အတော်လေးကို နာမည်ကြီးသွားပြီး Itunes မှာ အရောင်းရဆုံးစရင်းလဲ
ဝင်နေတဲ့ App လေးဖြစ်ပါတယ်။
App နာမည်က Ugly meter လို့ခေါ်ပါတယ် rating က 10 ထဲကနေပေးတာပါ။ 0.0/10 ဆိုရင်တော့
အချောဆုံးပေါ့ 9.9/10 ဆိုရင်တော့ ရုပ်အဆိုးဆုံးပေါ့။ ဒါတင်မကဘဲ အောက်မှာလဲ မှတ်ချက်စာသား
လေးရေးထားပါတယ်။
ကျွန်တော်လဲ ပထမဦးဆုံးစမ်းကြည့်တော့ 0.0/10 ရတယ်ပြီးတော့ 6.5/10 စသည်ဖြင့်ရပါတယ်

Iphone,Ipad,ipod
itunes.apple.com/au/app/ugly-meter/id388336485?mt=8

Android
https://play.google.com/store/apps/details?id=com.dappergentlemen.uglymeter&hl=en

Credit to ... SBSangpi(စံပီး)

Windows 8 ရဲ့ သိသင့်တဲ့လျို့ဝှက်ချက် ၆ ခု

11:01 AM
Windows 7 နဲ့ windows 8 က တော်တော်လေးကို ပြောင်းလဲသွားပြီး စအသုံးပြုတဲ့ အခါမှာ အခက်ခဲတွေကို
များကြီးတွေ့ရမယ်လို့ထင်ပါတယ် ဒီလို အခက်ခဲတွေထဲက တချို့တလေကို ဖြေရှင်းဖို့ နည်းလမ်း ၆ ကို
မိတ်ဆတ်ပေးချင်ပါတယ်။
ပထမဦးဆုံး အလွယ်ဆုံး windows 7 နဲ့ အတူဆုံးဖြစ်တဲ့ Desktop ကို windows 8 ကနေသွားတဲ့နည်းပါ။
windows 8 ကိုဖွင့်ဖွင့်လိုက်ခြင်းမှာ အထက်ပါပုံအတိုင်းတွေ့ရပါမယ်။ ဒီမှာ ငါးအရုပ်လေးနဲ့ Desktop ဆိုကို
နှိပ်လိုက်ရင် windows 7 မှာ သုံးနေကြ Desktop ကိုတွေ့ရပါမယ်။ ဒီမှာတော့ start button မရှိပေမဲ့  အရင်က အဲဒီ start button ရှိတဲ့ နေရာမှာ Right click နှိပ်လိုက်ရင်
အထက်ပါပုံအတိုင်းဘဲ Task manger, Run, Search, control panel, disk manager စတဲ့ windows ရဲ့
Features တွေကို ၀င်ရောက်လို့ရပါတယ်။

၂၊ Automatic Backup
Windows 8 မှာ automatic backup features ပါလာပါတယ်  ဒီ features ကို File history လို့ခေါ်ပြီးတော့  files တွေကို backup အလိုလျှောက်လုပ်ပေးပါတဲ့  အရင် System restore နဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။  ကျွန်တော်က Files တွေကို မသိဘဲနဲ့ ဖျတ်လိုက်မိတာတို့ windows ပျတ် သွားတာတို့မှာ အထောက်အကူအများကြီးပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဒီ Features က windows  မှာ အလိုလျှောက် enable မထားပါဘူး။ enable လုပ်ဖို့လိုအပ်ပါလိမ့်မယ် Control panel ကနေတဆင့်။

၃၊ Desktop Mix
Windows 7 မှာ ကျွန်တော်တို့ သိတဲ့အတိုင်း cursor နဲ့ ဖွင့်ထားတဲ့ window တခုကို ဆွဲပြီး desktop ရဲ့ ထောင့်ကိုပစ်လိုက်ရင် ဒီ window က ဒေါင့်တနေရာမှာရှိပြီး နောက်တခုကို ထိုနည်းအတူလုပ်ခြင်းဖြင့်
အောက်ပါပုံအတိုင်း window နှစ်ခုကို တပြိုင်ထဲအသုံးပြုလို့ရပါတယ်။
Windows 8 မှာကျတော့  ဒီထက်ပိုပြီးတော့ Mix metro desktop လို့ခေါ်တဲ့  weather forecast စတာကို
အထက်ပါပုံမှာ မြင်တဲ့အတိုင်း Desktop ရဲ့ ဒေါင့်မှာ ပေါ်နေပြီး ကိုယ့်က Photoshop လုပ်နေရင်းနဲ့
Weather, twitter, facebook စတဲ့ သူများ Status update လုပ်နေတာကိုပါ မြင်နေရပါမယ်။

၎။ Sync Everywhere
Windows 8 က Apple ရဲ့ Icloud လိုဘဲ Windows ID နဲ့ Computer မှာ ၀င်လိုက်ရင် ကိုယ့် account ထဲမှာ
ရှိတဲ့ email, photos etc.. စတဲ့ ကိုယ့် data တွေနဲ့ Setting တွေကို windows ထဲမှာ ၀င်သွားမှာဖြစ်ပါတယ်.

၅။ Shortcuts
Windows 8 မှာ အရင်က Windows 7 မှာ အသုံးပြုခဲ့တဲ့ Shortcuts တွေလဲ အသုံးပြုလို့ရသေးသလို ထက်
ပြီးတော့  တိုးလာတဲ့ Shortcuts လေးတွေရှိပါတယ်.
win key နဲ့ Prtsc key ကို အတူတူနှိပ်ခြင်းအားဖြင့် Print screen ကို .png format နဲ့ pictures library folder မှာ
အလိုလျှောက် save ပေးမှာဖြစ်ပါတယ်။ windows 8 ရဲ့ shortcuts 99 ခုကို ဒီမှာ ဖော်ပြထားပါတယ်။


၆။ Easy Reinstall
Windows 8 မှာပါလာတဲ့  ဒီ Easy Reinstall က အရင်တုန်းက ရှိတဲ့ System restore နဲ့တူပါတယ်။ အဲဒါကတော့
Refresh your PC ဆိုတာပါဘဲ။ Refresh your PC က windows setting တွေကို အားကို default မှာပြန်ထား
ပေးပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ Data တွေကိုတော့ ဘာမှမထိဘဲ အရင်ကအတိုင်းရှိနေမှာပါ။

ဒါပေမဲ့ Remove everything ကို နှိပ်လိုက်ရင်တော့  အားလုံးကို ဖျောက်ပစ်လိုက်မှာဖြစ်ပါတယ်။ ဒီဟာက
တော့ Virus ထိတဲ့ အခါတို့ Computer မှာရှိတဲ့ Data တွေအားလုံးကို ဖျောက်ပစ်တဲ့ အချိန်ကြမှာသာ
အသုံးဖို့ဖြစ်ပါတယ်။

SBSangpi(စံပီး)
Source:http://www.lifehacker.com.au/2013/01/six-hidden-windows-8-features-you-cant-live-without/


Transparent Glass Smartphone will arrive end of 2013

10:58 AM
Taiwanese firm Polytron Technologies က အမှုဆောင်တာဝန်ရှိသူတဦးက Glass transparent smartphone ကို ၂၀၁၃ နှစ်ကုန်ခါနီးမှာ ရောက်လာမယ်လို ပြောကြားသွားပါတယ်။
ဒီ Prototype လို့ခေါ်တဲ့ Phone ကတော့ လောလောဆယ် Function တွေအားလုံးတော့ အလုပ်လုပ်အုန်းမှာ
မဟုတ်ဘူး။ အထက်ကပုံမှာ မြင်ရတဲ့အတိုင်းဘဲ Phone အထဲထဲက component တွေကို မြင်နေရမှာဖြစ်ပါ
တယ်။ပြီးနောက် ဒီ Phone ကို အချို့ Component တွေနဲ့မကွယ်ရင် ဖေါက်ထွင်းပြီး မြင်ရမှာပါလို့ တာဝန်ရှိ
သူတဦးက ပြောပါတယ်။

http://www.youtube.com/watch?v=V4PIaAhWf0Q 
နဲ့
http://www.youtube.com/watch?v=MdbwwUyqjzk
မှာလဲ ပြထားတာရှိပါတယ်။
အထူးသဖြင့် ဒီ Polytron Phone က အခြားလက်ရှိဖုန်းတွေနဲ့ မတူဘဲ အထဲမှာရှိတဲ့ wire တွေကိုလဲ
invisible (မမြင်နိုင်အောင်) ပြုလုပ်ထားတာဖြစ်ပြီး ဖုန်းကို ဖေါက်ထွင်းမြင်နိုင် လုပ်ထားခြင်းဖြစ်ပါတယ်။
ဒါပေမဲ့လဲ batter,memory, camera တွေကတော့ အထက်က ပုံမှာမြင်ရတဲ့အတိုင်းဘဲ ဖုန်းထဲမှာရှိကြောင်း
ကို မြင်တွေနေရမှာပါ။ ပြီးနောက် ဒီဖုန်းဟာ အခုလက်ရှိဖုန်းတွေထက် ပိုပြီး ပေါ့ပါးမှုလဲ ရှိကြောင်းကို
သိရပါတယ်။

Source:pcworld

SBSangpi(စံပီး)

IOS များရဲ့ Firmware များ

10:53 AM

Ipsw  3.1.2   to  Ipsw 6.1.3

3.1.2

3.1.3

iOS 4.0

iOS 4.1

iOS 3.2.2

iOS 4.2

iOS 4.2.1

iOS 4.3

iOS 4.3.1

iOS 4.3.2

iOS 4.3.3

iOS 4.3.4

iOS 4.3.5

iOS 5

iOS 5.0

iOS 5.0.1

iOS 5.1

iOS 5.1.1

iOS 5.2

iOS 5.2.1

iOS 6

iOS 6.0.1

iOS 6.1

iOS 6.1.1

iOS 6.1.2

iOS 6.1.3

Credit to.....

iOS Apps များ Crack နည်း

10:51 AM
အရင်တုံးကတော့ လူတိုင်းသိမှာပါ
Crackulous ကပိတ်သွားပြီကြားတော့
 User တချို့ နဲ့ ဆိုင်သမားတချို့တိုင်ပတ်ကြသကိုးဗျ :)


 ကျွှန်တော်  အခုဟြေမယ့်နည်းကတော့ WinRAR (သို့) 7-Zip လိုပါတယ်။

iTunes ကနေ  ဒေါင်းထားတဲ့ apps ကို သွားရှာပါမယ်။
C:\Users\-your user name-\Music\iTunes\iTunes Media\Mobile Applications
မိမိ ထည့်သွင်းလိုတဲ့ APP ပေါ်တွင် Right Click >> 7-Zip >> Open archive ဆိုပြီး ဖွင့်ပါ။
ထိုအခါအထဲတွင်  iTunesMetadata.plist ကိုဖျက်ပါ။
Payload -> YourAppsName.app ထဲ ဝင်ပြီး _CodeSignature  ... CodeResources နဲ့ ResourceRules.plist စတဲ့ ဖိုင်တွေကို ဖျက်ပါ။
ပြီးသွားရင်တော့ မိမိ စိတ်တိုင်းကျ  Device တွေမှာ ထည်သွင်းကြည့်လို့ရပြီပေါ့ဗျာ ။
ဒီလိုဆိုရင် IOS app တွေကို Crack လိုပြီးပြီပေါ့ဗျာ :P

credit to..

Harvest Moon Back to Nature For Android (PS1 Game တွေကို Android ပေါ်မှာဆော့ကြရအောင်)

10:49 AM
ကျွန်တော်တို့ ငယ်ငယ်တုံးက ဆော့ခဲ့ကြဖူးတဲ့ Play Station 1 Game လေးတွေကို လွမ်းကောင်းလွမ်းနေကြမှာပါ။ အဲဒါတွေထဲမှာ ကျွန်တော် အကြိုက်ဆုံးကတော့ Harvest Moon Back to Nature လေးပဲ ဖြစ်ပါတယ်ဗျာ။ အခု အဲဒီ Game လေးကို ကျွန်တော် Android ပေါ်မှာဆော့နေတယ်ဗျ။ အဲလို ဆော့ချင်တဲ့သူများ အောက်မှာ ကျွန်တော် ရေးပြထားတဲ့ Instruction 
အတိုင်းလိုက်လုပ်လိုက်ရင် ဆော့နိုင်မှာဖြစ်ပါတယ်ဗျာ။

- fpse and bios.zip ဆိုတဲ့ ဒီ File လေးကို အရင် ဒေါင်းလိုက်ပါ > https://docs.google.com/file/d/0B1Cpvolp1DX1cFlqNEZoWmhKZ28/edit?usp=sharing

- ဒေါင်းလို့ ရလာတဲ့ ထဲက FPse for android v0.11.44.apk ကို ဖုန်းမှာ Install လုပ်လိုက်ပါ။ ပြီးရင် မဖွင့်ပါနဲ့ဦး။

- Activator By zip5496.apk ကို Install ထပ်လုပ်လိုက်ပါ။ ပြီးရင် SCPH1001.BIN ကို ဖုန်းရဲ့ SD Card ထဲမှာ Folder တစ်ခု ဆောက်ပြီး ထည့်ထားလိုက်ပါဗျ။

- Play Station 1 Game ISO File တွေကို ဒေါင်းလုပ်ဆွဲဖို့ကတော့ဒီမှာပါ > http://www.freeroms.com/psx.htm အဲဒီမှာ နံမည်နဲ့ အစီအစဉ်တကျ စီထားပါတယ် လိုချင်တာကို ရှာဒေါင်းလိုက်ရုံပါပဲဗျာ။ ဒေါင်းလို့ရလာတဲ့ File ကို SD Card ထဲမှာ ထည့်ထားလိုက်ပါ။

- Phone ထဲမှာ fpse activator ကိုဖွင့်လိုက်ပါ။ Patch it! ဆိုတာလေးကို နှိပ်ပေးပါ။ Super User Permission တောင်းရင် Allow (or) Grant ကိုနှိပ်ပေးပါဗျ။ ဒါဆိုရင်တော့ရပါပြီ။

- fpse ကိုဖွင့်လိုက်ပါ။ SD Card ထဲမှာ သိမ်းထားတဲ့ SCPH1001.BIN ဆိုတဲ့ BIOS File ကို Load လုပ်ပေးရပါမယ်။

- ပြီးရင် Load Game ကိုနှိပ်ပြီး ကိုယ်ဆော့ချင်တဲ့ ဒေါင်းထားပြီးသား Game ISO File ကို ရွေးပေးလိုက်ရင် တစ်ကယ့် Play Station 1 အတိုင်းကစားလို့ရပြီဖြစ်ပါတယ်။ 
ပေသီး
Admin of Myanmar ITgroup

Android အခြေခံ မိုဘိုင်းဖုန်း OS အသစ်ကို Facebook မိတ်ဆက်ဖွယ်ရှိ

10:45 AM
Facebook သည် ယခုအခါ ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် စမတ်ဖုန်း OS အမျိုးအစားသစ်တစ်ခု ထုတ်လုပ်ရန် အသင့်ရှိနေပြီဟု သတင်းများ ထွက်ပေါ်လာပြန်သည်။ မကြာခဏ ခန့်မှန်းခံရသော်လည်း လက်တွေ့တွင် တစ်ကြိမ်မျှ အကောင်အထည် ပေါ်မလာသေးသည့် Facebook ဖုန်း ပုံပြင်သည် အသွင်ကွဲ တစ်မျိုးဖြင့် အားကောင်းလာပြီး Google ၏ Android စနစ်ကို အခြေခံသည့် OS စနစ်တစ်ခုကို Facebook က ဖန်တီးနေကြောင်း သတင်းများက ရေးသားလာခဲ့သည်။ အစောပိုင်းက Facebook သည် ပိုမို သစ်လွင် အဆင်ပြေ ကောင်းမွန်သည့် Android သုံး App တစ်ခုကို ထုတ်ဝေမည်ဟု ထင်ကြေးများ ဖြစ်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဖုန်း OS ပုံစံကွဲ တစ်ခုကို ဖန်တီးနေသည်ဟု ယူဆစရာ ဖြစ်လာသည်။ Facebook သည် ဧပြီ ၄ ရက် အခမ်းအနားတွင် မီဒီယာများကို ဖိတ်ခေါ်ကာ ၎င်းတို့၏ Android အခြေခံ OS ပုံစံသစ်ကို ပြသဖွယ် ရှိနေသည်။ TechCrunch ၏ လေ့လာသူ ဂျော့ရှ်ကွန်စတင်းက “နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ အပြောအရတော့ Android ကို အဆင့်မြှင့် မွမ်းမံထားတဲ့ Version တစ်မျိုးလို့ ယူစရာပဲ။ အထူးသဖြင့် Facebook ရဲ့ သီးခြား အပိုဆောင်း လုပ်ငန်းတွေကို ထဲထဲဝင်ဝင် သုံးနိုင်ဖို့ ပိုရည်ရွယ်ပုံ ရတယ်” ဟု ပြောကြားခဲ့သည်။ Facebook သည် ယင်း OS ကို အခြေပြုကာ Facebook ဖုန်း တစ်မျိုးကို ရောင်းချရန်လည်း ရှိလာနိုင်ပြီး Hardware ပိုင်းကို HTC က တာဝန်ယူဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။
Source: Business Insider
Ref & Credit to Planet Myanmar News

တန်ဖိုးနည်းဖုန်း ရောင်းချမည့်အစီအစဉ် (အပြည့်အစုံဖော်ပြချက်)

10:45 AM
၁။ ၂၀၁၃ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် စတင်ရောင်းချပါမည်။
၂။ရောင်းချမည့် ဈေးနှုန်းမှာ တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ် ကြိုတင်ထည့်သွင်းပြီး မိုဘိုင်းဖုန်း SIM CARD တစ်ခုအတွက် ၁၅၀၀ ကျပ်နှုန်းဖြစ်ပါသည်။လစဉ်မိုဘိုင်းဖုန်း ၃၅၀၀၀၀ ကိုပြည်နယ်နှင့်တိုင်းဒေသကြီးများ သို့ခွဲဝေရောင်းချသွားမည်ဖြစ်ပါသည်။
၃။စတင်ရောင်းချသည့်မိုဘိုင်းဖုန်းအမျိုးအစားမှာ CDMA 800 MHz စနစ် မိုဘိုင်းဖုန်းများဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးသာမက နိုင်ငံရပ်ခြားသို့ပါ ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်ပါသည်။နောင်လများတွင် GSM(2.75 G) WCDMA(3G) မိုဘိုင်းဖုန်းများကို ဆက်လက်ရောင်းချသွားမည်ဖြစ်ပြီးရောင်းချမည့်အစီအစဉ်ကို ထပ်မံကြေငြာပါမည်။
၎။ CDMA-800MHz စနစ်စက်ပစ္စည်းများတပ်ဆင်ထားခြင်းမရှိသေးသော ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် WCDMA 3G ဖုန်းများကိုနှုန်းထားတူ ၁၅၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။
၅။ ပြည်သူများသို့ သက်သာသောနှုန်းထားဖြင့်အမှန်တကယ်အသုံးပြုနိုင်ရန် ရည်ရွယ်၍ရောင်းချခြင်းဖြစ်ပါ သဖြင့်ဖုန်းကဒ်ဝယ်ယူထားသည့်နေ့မှစ၍ ၁၅ရက်အတွင်း တယ်လီဖုန်း SIMCard တွင် မူလထည့်သွင်းပေး ထားသည့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ ကျပ်မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ကျပ်တန် ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ငွေဖြည့်သုံးစွဲရပါမည်။ဖုန်းကဒ်အားအခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်းရောင်းခြခြင်းမှ ကာကွယ်ရန် အတွက် ၁၅ရက်အတွင်းအသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက် လိုင်းပိတ်သိမ်းသွားမည်ဖြစ်ပါသည်။
၆။စက်တန်ဖိုး စက်တပ်ဆင်မှုတန်ဖိုး ကုန်ကျစရိတ်များကို တယ်လီဖုန်းပြောဆိုခများမှပြန်လည်စုစည်းကောက်ခံရမည်ဖြစ်ပါသဖြင့် တန်ဖိုးနည်းမိုဘိုင်းဖုန်းများကိုလစဉ် ကြိုတင်ငွေဖြည့်ကဒ်ဖြင့်ပြောဆိုခ ကျပ် ၂၅၀၀ အနည်းဆုံးသုံစွဲရန် သတ်မှတ်ထားပြီးဖြစ်ပါသည်။နှစ်လပြည့်သော်လည်းကြိုတင်ငွေဖြည့်ကဒ်မှ ၅၀၀၀ကျပ်အပြည့်မသုံးစွဲပါက အလိုအလျောက်ကျပ် ၅၀၀၀ပြည့်သည်အထိဖြတ်တောက်သွားပါမည်။တယ်လီဖုန်း SIM ကဒ်တွင်ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီးနောက် ၁၅ရက်အတွင်း ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက်လိုင်းပိတ်သိမ်းသွားမည်ဖြစ်ပါသည်။
၇။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်အတူအခြားလိုင်စင်ရ အော်ပရေတာများမှ နိုင်ငံတ၀ှမ်းလုံး၇ှိပြည်သူများ ဆက်သွယ်သုံးစွဲနိုင်ရန် လုံလောက်သော မိုဘိုင်းဖုန်းများကို တိုးချဲ့တပ်ဆင်ပြီးစီးပါက မည်သည့်ကန့်သတ်ချက်မျှ မရှိတော့ဘဲ လွတ်လပ်စွာရောင်းချသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
Credti to.. အဖြူရောင်စာမျက်နှာ & Myanmar Online News